
အဆိုပါ ကင်ဆာဖျက် ဆေးဝါးသစ်သည် ကျန်းမာရေးအတွက် အထောက်အကူပြုသည့် ဆဲလ်များကို ထိခိုက်ခြင်း မရှိစေဘဲ ကင်ဆာဆဲလ်၏ အမြှေးပါး အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ၎င်းဆဲလ်ကို ဖျက်ဆီးနိုင်စွမ်း ရှိကြောင်း၊ အခြား ကင်ဆာဖျက် ဆေးဝါးများနှင့် မတူသည့် ကွဲပြားချက်မှာ ၎င်းဆေးသည် ကင်ဆာဆဲလ် အတွင်း ထိုးဖောက်ဝင်ရောက်၍ ဖျက်ဆီးနိုင်သည်သာမက ကျန်းမာသော ဆဲလ်များကိုလည်း အကျိုး ပြုစေနိုင်ကြောင်း ဓာတ်ခွဲခန်းမှ ဌာနမှူး ဂျို့စ်အန် တိုနီယိုဖရာဂါက ပြောကြားသည်။
လက်ရှိ ကင်ဆာဖျက် ဆေးများသည် ကင်ဆာဆဲလ်ကိုသာ တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သို့ရာတွင် ဓာတ်ခွဲခန်း စစ်ဆေး ချက်များအရ ယခုဆေးသစ်မှာမူ ကင်ဆာဆဲလ်ကို ဖြိုခွင်းနိုင်သည့် အဆိပ် အာနိသင်ရှိသကဲ့သို့ ဆေးဝါးဗေဒဆိုင်ရာ အာနိသင်များလည်း ရှိကြောင်း၊ နောက်ပိုင်း တွင် ဆေးဝါးဆိုင်ရာ အဖွဲ့အစည်းများ၏ သဘောတူညီမှုဖြင့် လူသားများတွင် အသုံးပြု နိုင်တော့မည် ဖြစ်ကြောင်း ဖရာဂါက ထပ်လောင်း ပြောကြားသည်။
ကျူးဘား ကျန်းမာရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ ကျူးဘားနိုင်ငံတွင် ကင်ဆာကြောင့် သေဆုံးမှုသည် နိုင်ငံအတွင်း သေဆုံးမှု ပမာဏ၏ ၂၅ ရာခိုင် နှုန်းခန့် ရှိကြောင်း၊ ကင်ဆာရောဂါသည် ကျူးဘားနိုင်ငံ၏ နံပါတ် ၁ လူသတ် ရောဂါဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment