Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

ပင်လယ်ပြင် ငါးဖမ်းဆီးရေးကို ၇၅ ရာခိုင်နှုန်းထက် မပိုသော ဖမ်းဆီးမှုများဖြင့် ဆောင်ရွက်နိုင်ခဲ့

မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဌာနရဲ့ ဥပဒေ ထုတ်ပြန်ချက်များ နဲ့အညီ ပင်လယ်ပြင် ငါးဖမ်းဆီးရေး လုပ်ငန်းများမှာ ငါးမဖမ်းရ ရာသီသတ်မှတ် ကာလ
အတွင်း ၇၅ ရာခိုင်နှုန်း ထက်မပိုတဲ့ ဖမ်းဆီးမှုများနဲ့ ဆောင်ရွက်နိုင် ခဲ့တယ်လို့ ဇူလိုင်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အပတ်စဉ် အစည်းအဝေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ငါးမဖမ်းရ ရာသီ သတ်မှတ် ကာလဖြစ်တဲ့ ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၁၅ ရက်နေ့ အထိ အချိန် ၁ လခွဲမှာ ပင်လယ်ပြင် ငါးဖမ်းဆီးရေး လုပ်ငန်းများဟာ ၇၅ ရာခိုင်နှုန်းထက် မပိုတဲ့ ဖမ်းဆီးခွင့် ကိုသာ ခွင့်ပြုပေး ထားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်တွင်းရဲ့ ငါးဖမ်းစက်လှေ သင်္ဘောများ အနေနဲ့ သတ်မှတ်ချက် များနဲ့အညီ ဖမ်းဆီးနိုင်ရေး၊ ပြည်တွင်း စားသုံးမှု လုံလောက်ရေးနဲ့ စီးပွားရေး အခက်အခဲများ မဖြစ်စေဖို့ အတွက် ဆောင်ရွက်ခဲ့ရာမှာ အခု သတ်မှတ် ကာလ အပြီးမှာတော့ ၇၅ ရာခိုင်နှုန်းထက် မပိုတဲ့ ဖမ်းဆီးမှုများနဲ့ အောင်မြင်စွာ ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အခုလို သတ်မှတ် ကာလ အတွင်း ငါးဖမ်းဆီးရေး လုပ်ငန်းများမှာ တွေ့ကြုံရတဲ့ အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များ၊ နှစ်စဉ် ဒီရာသီမှာ ဆောင်ရွက် ရမယ့် လုပ်ငန်းစဉ် များကို သုံးသပ်ကာ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနရဲ့ လမ်းညွှန်မှုများနဲ့ ဆောင်ရွက် လုပ်ကိုင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံ မှာလည်း နိုင်ငံတကာမှာ ကျင့်သုံး နေတဲ့ သတ်မှတ်ချက် များနဲ့အညီ ပင်လယ်ပြင် သယံဇာတများ မပျက်စီးရေး၊ ငါးသယံဇာတများ မပြုန်းတီးရေး၊ စဉ်ဆက်မပြတ် မွေးမြူ ထုတ်လုပ်နိုင်ရေး တို့ကို ဆောင်ရွက်ဖို့ အတွက် နှစ်စဉ် ငါးမဖမ်းရ ရာသီကို သတ်မှတ်ကာ ဆောင်ရွက်ဖို့ လိုအပ်လျက် ရှိတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့