Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 July 2013

မိုင်းတုံမြို့ အဝင် စစ်ဆေးရေး ဂိတ်တွင် တရားမဝင် ဝင်ရောက်လာသော တရုတ်လူမျိုး ကိုးဦးနှင့် 'ဝ' လူမျိုး တစ်ဦးတို့အား ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁၉

ဇူလိုင် ၁၈ ရက် ည ၈ နာရီ ၁ဝ မိနစ်ခန့်တွင် တာချီလိတ်မှ မိုင်းတုံသို့ ထွက်ခွာလာသော ယာဉ်မောင်း အိုက်ချန် မောင်းနှင်သည့် ယာဉ်အမှတ်၊ ၄ဂ/-----(၄x၄) တိုက်ဂါး အဖြူရောင် ယာဉ်နှင့် စိုင်းအောင်ခမ်း မောင်းနှင်သည့် ယာဉ်အမှတ်၊ ၄ဂ/------ (၄x၄) ဗွီဂိုခဲရောင် တို့အား မသင်္ကာ၍ မိုင်းတုံ မြို့အဝင် စစ်ဆေးရေး ဂိတ်တွင် တာဝန် ရှိသူများမှ စစ်ဆေးခဲ့ရာ အိုက်ကျော်၊ အသက် ၂၅ နှစ်၊ ''ဝ'' လူမျိုး၊ တော်ကော့ရပ်ကွက်၊ တာချီလိတ်မြို့ နေသူနှင့် အတူ လိုက်ပါလာသည့် တရားမဝင် ဝင်ရောက်လာသော တရုတ်လူမျိုး ကိုးဦးအား စစ်ဆေး တွေ့ရှိရပြီး ၎င်းတို့အား မိုင်းတုံမြို့နယ် ရဲစခန်းသို့ အပ်နှံ၍ တရား ဥပဒေအရ အရေးယူ နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့