
၁၉.၇.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် သန်လျင်မြို့နယ်၊ ဘုရားကုန်း ကျေးရွာနေ ကိုချစ်ဦးမောင်သည် ယာဉ်နောက်လိုက် အဖြစ်အလုပ် လုပ်ကိုင်ပြီး နေအိမ်သို့ ပြန်လာစဉ် အိမ်နီးချင်း ဖြစ်သူ မစန်းသီတာမှ ဇနီးဖြစ်သူ မဥမ္မာဝင်း၏ ပထမ အိမ်ထောင် အမျိုးသားဖြစ်သူ ရောက်ရှိနေကြောင်း
ပြောပြချက်အရ ၎င်း၏ ယာဉ်မောင်းဖြစ်သူ ဦးလှဌေးနှင့် (၆)လမ်းဆုံ ရဲကင်းတာဝန်ကျ ရဲတပ်ကြပ်ကြီး ဌေးဝင်းတို့အား အကြောင်းကြားခေါ်ယူကာ နေအိမ်သို့သွားရောက် ကြည့်ရှုရာ နေအိမ်တွင် ဇနီးဖြစ်သူ မဥမ္မာဝင်းမှာ ၀ဲ/ယာ လည်ပင်း၊ ရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်း ခဲ့သောကြောင့် သန်လျင်မြို့မရဲစခန်း (ပ) ၆၆၇/၂၀၁၃ ၊ ပုဒ်မ ၃၀၂ ဖြင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းရာ မဥမ္မာဝင်း၏ မထမအိမ်ထောင်ဖြစ်သူ အောင်ကျော်ဝင်း၊ (၃၂)နှစ်၊ (ဘ)ဦးသန်းမောင်၊ (၉)ရပ်ကွက်၊ သုံးခွမြို့နယ်နေသူမှ မဥမ္မာဝင်းအားလာရောက်ခေါ်ဆောင်ရာ
မရသဖြင့် ဓါးဦးချွန်၊ သံချွန်တို့ဖြင့် ထိုးခဲ့၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တရားခံအောင်ကျော်ဝင်းအား ဖမ်းဆီးစစ်ဆေးလျက်ရှိ ကြောင်းသတင်း ရရှိပါသည်။
No comments:
Post a Comment