Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

တန်ချိန် ၃၃၃ တန်ရှိ ကြေးသွန်း ခေါင်းလောင်းကြီး တစ်ခုကို စတင် တည်ဆောက်နေပြီဖြစ်


မြောင်းမြမြို့၊မြစိမ်းရောင်တောင် ရှေးဟောင်း သုတေသန နယ်မြေမှာ ၂၁၆ တောင် ဉာဏ်တော်ရှိ မြတိဂုံစေတီတော်ကြီး ရင်ပြင်၌ တန်ချိန် ၃၃၃ တန်
အထိ သွန်းလုပ်မယ့်  ကြေးသွန်း ခေါင်းလောင်းကြီးကို စတင် တည်ဆောက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကြေးသွန်း ခေါင်းလောင်းကြီး မှာတော့ ကြေးပိဿာချိန် ၂ သိန်းနဲ့ တည်ဆောက်မှာ ဖြစ်ပြီး ကမ္ဘာ အကြီးဆုံး ခေါင်းလောင်ကြီး အဖြစ် တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အခုလို ကြေးသွန်း ခေါင်းလောင်းကြီးကို ပြီးခဲ့တဲ့ ဇွန်လပိုင်း ကတည်းက ဆရာတော်ကြီးရဲ့ ဆိုဆုံးမမှုကို ခံယူပြီး လိုအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ကာ တွက်ချက်မှု များပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကြေးသွန်း ခေါင်းလောင်းကြီး တည်ဆောက်မှုဟာ ကြာချိန် အနေနဲ့ ၃ နှစ်ခန့် ကြာမြင့်မယ်လို့ သိရပါတယ်။အဆိုပါ ကြေးသွန်း ခေါင်းလောင်းကြီး တည်ဆောက်မှု ကုန်ကျငွေမှာ ခန့်မှန်းခြေ အားဖြင့် သိန်းပေါင်း ၇ သောင်းခန့် ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အခုလို ကြေးသွန်း ခေါင်းလောင်းကြီး တည်ဆောက်ရာမှာ အလှူငွေ ထည့်ဝင် လှူဒါန်းလိုတဲ့ အလှူရှင်တွေ အနေနဲ့ တစ်ဦးလျင် အများဆုံး ငွေကျပ် သုံးသောင်း အထိသာ မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်ငွေ စာရင်း အမှတ် SY 11 သို့ ထည့်ဝင် လှူဒါန်းနိုင် တယ်လို့ သိရပါတယ်။
 
အခုလို ကြေးသွန်း ခေါင်းလောင်းကြီး တည်ဆောက်မှုဟာ ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ မြစိမ်းရောင်တော်ပေါ် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှာ ဆံတော်ရှင်မြတိဂုံ စေတီတော်နဲ့တည်ထား ဖို့အတွက် ဆောက်လုပ်မှုတွေ ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီလို မြတိဂုံစေတီတော် တစ်ဆူဖြစ်လာတဲ့ အခါ အများပြည်သူ ကောင်းမှုနဲ့ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး တစ်ခုရှိဖို့ လိုအပ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့