Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

စပိန်နိုင်ငံတွင် မီးရထားလမ်းမတော်တဆမှု ဖြစ်ပွားခဲ့

စပိန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ခရီးသည်တင် ရထားတစ်စင်း လမ်းချော် တိမ်းမှောက်ခဲ့တဲ့အတွက်
ခရီးသည် ၆၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၀၀ခန့်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ရထားအတွင်း ခရီးသည် ၂၀၀ကျော် လိုက်ပါစီးနင်းခဲ့တာဖြစ်ပြီး မတော်တဆမှုဟာ Santiago de Compostela  မြို့ပြင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါ တယ်။ဒေသခံမီဒီယာတွေရဲ့ ပြောကြားချက်အရ ရထားဟာ Madrid မြို့မှ နိုင်ငံအနောက် မြောက်ပိုင်းရှိ EL Ferrol  မြို့သို့ ဦးတည် ခုတ်မောင်းလာခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ရထားအတွင်း ပိတ်မိနေတဲ့ ခရီးသည်တွေကို ကြိုးစား ကယ်ဆယ်လျက်ရှိပြီး လူစီးတွဲများရဲ့ အောက်ခြေမှာ ခရီးသည်အများအပြား ပိတ်မိနေသေးကြောင်း ခရီးသည်တစ်ဦးက ပြောကြားခဲ့ပါ တယ်။ မတော်တဆဖြစ်ပွားရတဲ့ အသေးစိတ်အချက်အလက် ကိုတော့ မသိရှိရသေးပေမယ့် ရထားလမ်းချော်မှုမဖြစ်ပွားမီ အင်ဂျင်ရဲ့ ပေါက်ကွဲသံကို ကြားခဲ့ရတယ်လို့ မျက်မြင် သက်သေတစ်ဦးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။
 


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့