Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 25 July 2013

ပြည်ပ ရင်းနှီးမြုပ်နှံမှုတွင် အဟန့်အတားဖြစ်နေသော မြေဈေးနှုန်း လျှော့ချမည်ဟုဆို

ပြည်ပ ရင်းနှီးမြုပ်နှံမှု ဖိတ်ခေါ်ရာတွင် အဟန့်အတား ဖြစ်နေသော မြေဈေးနှုန်း ကြီးမြင့်မှုကို လျှော့ချနိုင်ရန် ကြိုးစားနေကြောင်း မြန်မာနိုင်ငံရင်း နှီးမြုပ်နှံမှု ကော်မရှင်မှ သိရသည်။

" မြေဈေးကြီးတာက နိုင်ငံခြားရင်းနှီး မြုပ်နှံမှုကို ဖိတ်ခေါ်ရာမှာ အဟန့်အတားဖြစ် နေတာက အမှန်ပဲ၊ ချက်ချင်းကြီးတော့ ဒီနေ့ကြီး နေတဲ့မြေဈေးကို နောက်နေ့ ချလို့တော့ မရဘူးပေါ့၊ သင့်တော်တဲ့ မြေဈေးတစ်ခု ဖြစ်ပေါ်လာဖို့ ကြိုးစားနေပါတယ်" ဟု မြန်မာနိုင်ငံရင်းနှီး မြုပ်နှံမှုကော်မရှင်မှ
ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦး က ယနေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ပြည်ပရင်းနှီးမြုပ်နှံသူများသည် ရင်းနှီးမြုပ်နှံမှု ၀င်ရောက်ရန် ကြိုတင် လေ့လာမှုတွင် မြေဈေးကြီးမြင့်မှု ကို အဓိကထား မေးမြန်းခြင်းများ ရှိနေကြောင်း စီပွားရေးလုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

ဝေယံမိုးမြင့်

Popular Myanmar News Journal


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့