Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

ဂျပန်နိုင်ငံမှ လှူဒါန်းသည့် မီးသတ်ယာဉ်များအား အမြန်လမ်းမကြီးတွင် အသုံးပြုသွားမည်


ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံ အတွက် ဂျပန်နိုင်ငံမှ လှူဒါန်း ထားတဲ့ မီးသတ်ယာဉ်များကို အမြန် လမ်းမကြီးမှာ ထားရှိ အသုံးပြုပေး သွားမှာ
ဖြစ်တယ်လို့ မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ အတွက် မီးသတ်ယာဉ် ၈ စီးကို ဇူလိုင်လ ၉ ရက်နေ့က နေပြည်တော်ရှိ မီးသတ်ဦးစီး ဌာနမှာ လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။
 
အဆိုပါ ဂျပန်နိုင်ငံမှ လှူဒါန်းခဲ့တဲ့ မီးသတ်ယာဉ် ၈ စီးထဲမှ ၄ စီး ကိုတော့ ရန်ကုန်-နေပြည်တော် အမြန်လမ်းနဲ့ အခြား ပြည်နယ် တိုင်းဒေသကြီးများ ဖြစ်တဲ့ နေပြည်တော်နဲ့ ရန်ကုန် အပါအ၀င် နေရာ အချို့မှာ ချထား ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်-မန္တလေး အမြန် လမ်းရှိ မီးသတ်ယာဉ် ၄ စီး ကိုတော့ မီးဘေး လုံခြုံရေးနဲ့ ရှာဖွေ ကယ်ဆယ်ရေး အတွက် အမြန်လမ်း မီးသတ်စခန်း တွေမှာ တာဝန်ချ ထားပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုလက်ရှိ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ မီးသတ် စခန်းပေါင်း ၄၅ စခန်းနဲ့ မီးသတ်ကား ယာဉ်မျိုးစုံ ၁၃၃ စီး ရှိတယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့