Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

အာမခံ ကုမ္ပဏီ ၃ ခုအား သြဂုတ်လဆန်းပိုင်း ခန့်တွင် လိုင်စင်ထပ်မံ ချထား ပေးသွားရန်ရှိ


မြန်မာ့အာမခံ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခု အနက်မှ လိုင်စင် ပေးအပ်ဖို့ ကျန်ရှိနေသေးတဲ့ ပုဂ္ဂလိက
အာမခံ ကုမ္ပဏီ ၃ ခုကို လာမယ့် သြဂုတ်လ ဆန်းပိုင်း လောက်မှာ လိုင်စင်ပေးအပ် သွားနိုင်ဖို့ ခန့်မှန်း ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီလိုလိုင်စင် ပေးအပ်ဖို့ဟာ  အဆိုပါ ကုမ္ပဏီ ၃ ခုရဲ့ ဆောင်ရွက်ချက် အပေါ်လည်း မူတည်တာ ဖြစ်တယ်လို့ သိရပါတယ်။
 
လိုင်စင် ပေးအပ်ဖို့ ကျန်ရှိနေတဲ့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၃ ခုကတော့ ရမ်းအင်ရှူးယားလ်ရန့် ဂလိုဘယ်လ် ကုမ္ပဏီ လီမိတက်၊ ပေး(လ်)လားအော့(ဖ်) ထရု(ထ်)အင်ရှူးယားလ်ရန့် ကုမ္ပဏီ လီမိတက်နဲ့ အတ်(စ်)ဇယ်လန့်(ထ်) ဖော်(စ်)ကျွန်း အင်ရှူးယား လ်ရန့် ကုမ္ပဏီ လီမိတက်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် အခုလက်ရှိ လိုင်စင် ပေးအပ် ထားရှိပြီးဖြစ်တဲ့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီတွေ ကလည် အာမခံ လုပ်ငန်းများ စတင် ဆောင်ရွက် လျက်ရှိနေပြီ ဖြစ်ပါတယ်။
 
အဲ့ဒီ အာမခံ ကုမ္ပဏီတွေထဲမှာ အသက်အာမခံ တစ်မျိုးတည်းသာ ဆောင်ရွက်တဲ့ ကုမ္ပဏီ ရှိသလို၊ အထွေထွေ အာမခံ လုပ်ငန်းဖြစ်တဲ့ သမာဓိ အာမခံ၊ အသက်အာမခံ၊ မီးအာမခံ၊ အလုံးစုံ မော်တော်ယာဉ် အာမခံ၊ ငွေသား လုံခြုံမှု အာမခံနဲ့ ငွေပို့ငွေသယ် အာမခံ လုပ်ငန်း အမျိုးအစားများကို ဆောင်ရွက်တဲ့ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများလည်း ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုလက်ရှိ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများမှာ အာမခံထားရှိမှု အများဆုံး အနေနဲ့ကတော့ မီးအာမခံ ထားရှိမှုဟာ အများဆုံး ဖြစ်နေတယ်လို့ သတင်း ရရှိပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့