Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

ဂျပန်မြေအောက်မီးရထားအတွင်း ဖက်ရှင်ရှိုးတစ်ခု ကျင်းပပြုလုပ်ခဲ့

ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ Midousuji မြေအောက်မီးရထားလမ်းပိုင်းရှိ ရထားပေါ်မှာ ဖက်ရှင်ရှိုးပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့တယ်လို့
သိရပါတယ်။ အဲ့ဒီ မီးရထားလမ်းပိုင်းကို ၁၉၃၃ခုနှစ်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ရှေးအကျဆုံး မြေအောက် မီးရထားလမ်းပိုင်း တစ်ခု ဖြစ်ပါတယ်။ ယခုကျင်းပပြုလုပ်ခဲ့တဲ့ ဖက်ရှင်ရှိုးပွဲကို အိုဆာကာမြို့ရှိ သယ်ယူပို့ဆောင်ရေး ဌာနက  ကြီးမှူးကျင်းပခဲ့တာ ဖြစ်ပြီး ခရီးသည်တွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ အတွက် ရည်ရွယ်ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


ဖက်ရှင်ရှိုးပွဲအတွင်း မော်ဒယ် ၁၈ဦးက နွေဦးကီမိုနိုဝတ်စုံ၊ ရေကူးဝတ်စုံတို့ကို ၀တ်ဆင်ကာ မီးရထားထိုင်ခုံတွေနဲ့ ခုံတန်းနှစ်ခုအကြားမှာ လျှောက်လှမ်း ပြသခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ ရထားကို လိုက်ပါစီးနင်းဖို့ လာရောက်လျှောက် ထားသူ ၁၂၀၀အနက် လူ ၈၀ကို ကံစမ်းမဲဖောက်ပြီး စီးနင်းခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့