Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

ပါရမီ/အဓိပတိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား အရေးယူပေးပါရန်

 မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် ဗန္ဒုလ သယ်ယူပို့ဆောင်ရေးမှ ပါရမီ/အဓိပတိလိုင်း ယာဉ်နံပါတ် (၁ဂ/၂၉၁၃) အား မောင်းနှင်သူ ယာဉ်မောင်းနှင့်တကွ ယာဉ်နောက်လိုက်အား ခရီးသည်များအား အထိတ်တလန့်ပြုမှု၊ မခြေမငံဆက်ဆံမှု၊ စိတ်လိုက်မာန်ပါပြုမူမှုတို့ကြောင့် အရေးယူုပေးပါရန် တိုင်ကြားအပ်ပါသည်။ 

ဖြစ်စဉ်မှာ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်တွင် (၈) မိုင် မီးပွိုင်အနီး မီးပွိုင်မီနေစဉ်အတွင်း ပါရမီ/အဓိပတိလိုင်း ယာဉ်နံပါတ် (၁ဂ/၂၉၁၃) သည် Taxi တစ်စီးနှင့် ချိတ်မိမလိုဖြစ်ကာ ယာဉ်နောက် လိုက် တစ်ဦးနှင့် Taxi သမားတို့ စကားများအချေအတင်ဖြစ်ခဲ့သည်။ ယာဉ်ပေါ်မှ ခရီးသည်များလည်း အထိတ်တ လန့်ဖြစ်ခဲ့ကြရသည်။

ယင်းအား ခရီးသည်တစ်ဦးက ကြားမှ ဖြန်ဖြေပေးသောစကားပြောဆိုခဲ့သည်။ ထို့သို့ ပြောဆိုခြင်းအ ပေါ် ယာဉ်မောင်း ( နိုင်မျိုးဝင်း- ၁၂/ဥကမ (နိုင်) ၂၁၄၅၄၆ ) နှင့် ယာဉ်နောက်လိုက် (သော်ဇင်အောင်) တို့ နှစ်ဦးသည် အဆိုပါခရီးသည်အား ပြန်လည်၍ အနိုင်ကျင့် စော်ကားသောစကားမျိုး၊ မိမိနှင့် မဆိုင်ရင် ဘေးဖယ် နေဆိုသကဲ့သို့ တာဝန်ယူစိတ်မရှိသော စကားမျိုးတို့ကို ပြောဆိုခြိမ်းခြောက်ခဲ့ပါသည်။

ထိုယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်တို့သည် ခရီးသည်များအား အထိတ်တလန့်ဖြစ်စေခဲ့၍ အခန့်မသင့်ပါက အသက်အန္တရာယ်ပင် ထိခိုက်မှုမျိုးဖြစ်စေပါသည်။

သို့ဖြစ်ပါ၍ ပါရမီ/အဓိပတိလိုင်း ယာဉ်နံပါတ် (၁ဂ/၂၉၁၃) ၏ ယာဉ်မောင်း ဦးနိုင်မျိုးဝင်းနှင့် ယာဉ်နောက်လိုက် ဦးသော်ဇင်အောင်တို့အား ထိရောက်စွာအရေးယူပေးပါရန် အသိပေး တိုင်ကြားအပ်ပါသည်။

ထို့ပြင် ဗန္ဒုလသယ်ယူပို့ဆောင်ရေးမှ တချို့ယာဉ်နောက်လိုက်များ၊ ယာဉ်မောင်း များသည် ကားခဏနားချိန်အတွင် အရက်သေစား သောက်စားခြင်းမျိုးများပြုလုပ်လျက်ရှိပြီး ၄င်းတို့ ပတ်ဝန်း ကျင်တွင် ကားစောင့်နေသော မိန်းကလေးများအား အိနြေ္ဒပျက်ပြားစေရန် နှုတ်ဖြင့်သော်လည်း ကောင်း၊ ကိုယ်ထိလက်ရောက်သော်လည်းကောင်း စော်ကားမှုမျိုးများပြုလုပ်နေသည်ဟု သိရှိရပါသည်။

ထို့ကြောင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ပိုင် ဗန္ဒုသယ်ယူပို့ဆောင်ရေးလိုင်းများမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ ဝန်ထမ်းများ၏ စည်းကမ်းမဲ့ပြုမူနေမှုများနှင့် ခရီးသွားပြည်သူများကို အနှောက်အယှက်ဖြစ်စေ မည့် အပြုအမူများရှိခြင်းကို သိရှိနိုင်ပါရန်နှင့် ထိရောက်စွာအရေးယူမှုပြုနိုင်ပါရန် တိုင်ကြားအပ်ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့