Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 25 July 2013

ပြည်နယ်နှင့် တိုင်းအစိုးရများ ငွေကို စနစ်တကျသုံးစွဲရန် အောက်လွှတ်တော်ဥက္ကဋ္ဌ အမိန့်စာထုတ်မည်

ယနေ့ကျင်းပသော ၁၄ရက်မြောက်နေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဦးစိုးသိမ်း(ကလေးဝ
 မဲဆန္ဒနယ်)က ကလေးဝ၊ ကလေး၊ မင်းကင်း၊ တမူးမြို့နယ်တို့အတွက် ရရှိသော ဖွံ့ဖြိုးရေး ရန်ပုံငွေများကို ၂၀၁၂-၁၃ဘဏ္ဍာနှစ်တွင် သုံးစွဲခဲ့မှုများ၊ ၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် လျာထား ဆောင်ရွက်သုံးစွဲမည့် ငွေပမာဏကို သိရှိလိုပါကြောင်းမေးမြန်းရာ သမ္မတရုံးဝန်ကြီး ဌာန (၁) ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ၂၀၁၂-၁၃ဘဏ္ဍာနှစ် ကလေးမြို့ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး အတွက် ကျပ်၂၆.၆၄သန်း၊ ကလေးဝမြို့နယ်အတွက် ကျပ်၅.၁၂သန်း၊ မင်းကင်းမြို့နယ်အတွက် ကျပ်၂၆.၈၇သန်း ဖြစ်ပြီး ၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် ကျပ်၂၆၈၃.၄၁၈၈သန်းလျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း
 ပြည်နယ်နှင့်တိုင်း အစိုးရများအနေဖြင့် လွှတ်တော်က ချပေးသည့်ငွေကို စနစ်တကျ သုံးစွဲရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်မည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ဇူလိုင် ၂၄ ရက်က လွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။

ကလေးဝမဲဆန္ဒနယ်မှ အောက်လွှတ်တော်အမတ် ဦးစိ...ုးသိမ်းက စစ်ကိုင်းတိုင်း ဖွံ့ဖြိုးရေးအတွက် ချထားပေးသည့် ငွေကျပ် သန်းတစ်ထောင်ကို မည်သို့ သုံးစွဲခဲ့ကြောင်း သိလိုသဖြင့် လွှတ်တော်တွင် မေးမြန်းရာ သမ္မတရုံးဒုဝန်ကြီး ဦးသန့်ရှင်းက ပြန်ရှင်းပြခဲ့သည်။

ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်က ချထားပေးသည့် ဘတ်ဂျက်ကို မည်သို့သုံးသနည်းဟု လွှတ်တော် အမတ်ဦးစိုးသိမ်းက မေးခွန်းထုတ်ရာတွင် မလိုအပ်သည့်နေရာများကို စီမံချက်ချပြီး သုံးနေသဖြင့် လိုအပ်သည့်နေရာတွင် သုံးစွဲရန် လိုအပ်နေကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ယင်းကဲ့သို့သော ကိစ္စများ မဖြစ်စေရန် လွှတ်တော်မှ အမိန့်ကြော်ငြာစာ ထုတ်ပြန်မည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက အမတ်များကို ကတိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုသို့ညွှန်ကြားမည်ဖြစ်သဖြင့် တိုင်းနှင့် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ချပေးထားသည့် ငွေကြေးများ သုံးစွဲမှု ကို စနစ်ကျရေးကိစ္စကို အချိန်ကာလတစ်ခု စောင့်ဆိုင်းပေးရန်လည်း ဦးရွှေမန်းက အမတ်များကို ရှင်းပြခဲ့သည်။

ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရန် ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့သည့် ၂၀၁၂ - ၁၃ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးမှ မြို့နယ် ၃၃၀ အတွက် ကျပ် ၃၃ ဘီလီယံ ချထားပေးခဲ့သဖြင့် တစ်မြို့နယ်လျှင် ငွေကျပ် ၁၀ သန်း အသုံးပြုခွင့်ရှိမည်ဖြစ်သည်။

ထိုငွေများကို ပြည်ထောင်စုအစိုးရ (သို့မဟုတ်) တိုင်းနှင့်ပြည်နယ်အစိုးရက ဆောင်ရွက်မည့် လုပ်ငန်းများတွင် မပါသော ပြည်သူ့လိုအပ်ချက်အတွက် အကျိုးရှိမည့်လုပ်ငန်းတွင်သာ သုံးစွဲရန်လည်း လွှတ်တော်က ညွှန်ကြားခဲ့သည်။

ထိုသို့သုံးစွဲရာတွင်လည်း အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ အမတ်တစ်ဦးစီနှင့် တိုင်းနှင့်ပြည်နယ် လွှတ်တော်မှ အမတ်နှစ်ဦးနှင့် ဒေသခံ ပြည်သူများ၊ အဖွဲ့အစည်းများ၏ သဘောဆန္ဒဖြင့် သုံးရမည့် နေရာနှင့် သုံးရမည့်လုပ်ငန်းကို ဆုံးဖြတ်ရန်လည်း ညွှန်ကြားထားသည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက လွှတ်တော်တွင် ရှင်းပြခဲ့သည်။

ပြန်လည်ဖြေကြားခဲ့ပါသည်။  ပြည်သူ့လွှတ်တော်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့