Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

ဂျာမနီနိုင်ငံမှ တရားဥပဒေပိုင်း ဆိုင်ရာတွင် ကူညီမှုများ ဆောင်ရွက် သွားမည်


ဂျာမနီနိုင်ငံ Friedrich Nouman Foundation FNF အနေနဲ့ မြန်မာနိုင်ငံရဲ့ တရားဥဒေပိုင်း ဆိုင်ရာတွေမှာ ကူညီမှု အချို့ပေးအပ် သွားမှာ ဖြစ်တယ်လို့
သိရပါတယ်။ အဲ့ဒီလို ကူညီရာမှာ Political Development ပိုင်း ၊တရား ဥပေဒေပိုင်း ဆိုင်ရာ ကူညီမူနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးစတဲ့ အရာတွေမှာ အတွေ့အကြုံများ ပြန်လည် မျှဝေခြင်းနဲ့ လိုအပ်တဲ့ အကူအညီများ ဆောင်ရွက် ပေးခြင်း စတာတွေကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီလို ကူညီမှုတွေ ထဲမှ ယခုအခါ မှာလည်း  မြန်မာနိုင်ငံ Yangon Bar Association ရန်ကုန်ရှေ့နေများ အသင်းနှင့် ပူးပေါင်းပြီး ဂျာမနီနိုင်ငံရဲ့ တရားစီရင်ရေး စနစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကို ပထမဆုံး အကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ဖရတ်ရစ်နူမန် Foundation (FMF) အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအစရှိတဲ့ Training များပေးကာ အစိုးရဌာများနဲ့ ပူးတွဲ အလုပ် လုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံမှာ လာရောက် ကူညီမှုတွေ ဟာလည်း  အချိန်အတော်ကြာ ကတည်းက ဆောင်ရွက် နေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနှင့် စီးပွားရေး လွတ်လပ်ခွင့်များ တိုးတက် တွင်ကျယ် လာအောင် ဆောင်ရွက်ဖို့နဲ့ တရားဥပဒေ စိုးမိုးရေး အတွက် Yangon Bar Association ရန်ကုန်ရှေ့နေများ အသင်းနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စိတ်ဝင်စား လျက်ရှိတဲ့ အတွက် ယခု ဆွေးနွေးပွဲကို  ပြုလုပ်ရတာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် ယခုလက်ရှိ မှာလည်း မြန်မာနိုင်ငံရဲ့ SME နဲ့ ပူးပေါင်းပြီး Skill Training များ ပေးလျက် ရှိတယ်လို့ သိရှိရပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့