Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

ထိုင်းအစိုးရမှ လျှပ်စစ်စွမ်းအင် ကဏ္ဍအတွက် ဆိုလာပြားများ အသုံးပြုသွားမည်

ထိုင်းနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင် ကဏ္ဍအတွက် အိမ်ခေါင်မိုးတွေပေါ်မှာ တပ်ဆင်အသုံးပြုတဲ့ ဆိုလာပြားတွေကနေ ထွက်ရှိတဲ့
လျှပ်စစ်စွမ်းအင်ကို ပြန်လည် ၀ယ်ယူမယ့် စီမံချက်တစ်ရပ်ကို ထိုင်းစွမ်းအင် ၀န်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စီမံချက်ကို ထိုင်းစွမ်းအင်ဝန်ကြီးဌာနရဲ့ လက်အောက်ခံဌာန ရုံးခွဲဖြစ်တဲ့ Energy Policy and Planning Office (EPPO)က ရေးဆွဲထားတာ ဖြစ်ပါတယ်။

ခေါင်မိုးတွေပေါ်မှာ တပ်ဆင်ထားတဲ့ ဆိုလာပြားတွေကနေ ထွက်ရှိလာတဲ့ လျှပ်စစ်စွမ်းအင်ကို ပြည်နယ် လျှပ်စစ်စွမ်းအင်ဌာနက ပြန်လည် ၀ယ်ယူသွားမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ဓာတ်အား ၁ကီလိုဝပ် အတွက် ထိုင်းဘတ်ငွေ ၆.၁၆ ဘတ်ကနေ ၆.၉၆ဘတ်အထိ ရရှိမှာဖြစ်တယ်လို့လည်း သိရပါတယ်။ နေအိမ်ခေါင်မိုးတွေပေါ်မှ ဆိုလာပြားတွေကနေ အခုနှစ်အကုန်မှာ လျှပ်စစ်စွမ်းအင် ၂၀၀မဂ္ဂါဝပ် ရရှိနိုင်ဖို့ မျှော်မှန်းထားပြီး အခုအကောင်အထည်ေ ဖာ် ဆောင်ရွက်မယ့် သဘာဝ စွမ်းအင်စီမံကိန်းဟာ ဒေသခံတွေအတွက် တွက်ချေကိုက်တဲ့ စီးပွားရေး လုပ်ငန်းသစ်တစ်ခု ဖြစ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဆိုလာပြားတွေကို နေအိမ်တွေမှာ တပ်ဆင်အသုံးပြုပါက ထိုင်း ဘတ်ငွေ ၂သိန်းခန့် ကုန်ကျမှာ ဖြစ်ပါတယ်။  နိုင်ငံအတွင်းရှိ လုပ်ငန်းရှင်တွေက လျှပ်စစ် ဓါတ်အား ၃၀၀၀မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေ တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်း လိုင်စင်ရရှိဖို့ ဆောင်ရွက်နေပေမယ့်လည်း အစိုးရက စွမ်းအင်အရင်းအမြစ် ဟန်ချက်ညီစေဖို့ ၂၀၀၀မဂ္ဂါဝပ်သာ ထုတ်လုပ်ခွင့်ပေးဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့