Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 July 2013

မန္တလေးလေဆိပ်မှ မြေဧကနှစ်သောင်းကျော် ပြန်ရရေး ဆောင်ရွက်မည်ဟုဆို



မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွက် သိမ်းဆည်းခံရသည့် လယ်ယာမြေများထဲမှ စီမံကိန်းအတွက် အသုံးမပြုတော့သည့် လယ်ယာမြေဧက နှစ်သောင်းကျော်ခန့်ကို တောင်သူများ လယ်ယာမြေ မှတ်ပုံတင်ခွင့်ရရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ ခွဲ ခေါင်းဆောင် အမရပူရမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး က The Voice သို့ ပြောကြားသည်။

လေဆိပ်တည်ဆောက်ရေး အတွက် သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများ ထဲမှ ဧကနှစ်သောင်းကျော်မှာ စီမံကိန်း ဆောင်ရွက်ခြင်း မပြုသည့်အတွက် တောင်သူ များအား ပြန်လည်ပေးအပ်ရန်နှင့် တောင်သူများ လယ်ယာမြေ မှတ်ပုံတင်ခွင့် ရရှိရန် စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌထံ အစီရင်ခံစာ တင်သွင်းသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

"တချို့မြေတွေက လန ၃၉ ကျပြီး သားတွေ ဖြစ်နေတယ်။ ဒါပေမဲ့ စီမံကိန်း ဆောင်ရွက်တဲ့ အထဲမှာ မပါလို့ ဒါတွေကိုလည်း ဥပဒေနဲ့အညီ တောင်သူတွေ လယ်ယာမြေ မှတ်ပုံတင်ခွင့်ရဖို့ တောင်သူတွေအတွက် စဉ်းစားပေးဖို့ ကော်မရှင်ကို အစီရင်ခံစာ တင်ပါမယ်" ဟု ဦးသိန်းထွန်းဦးက ပြောဆိုသည်။

ယင်းသို့ လယ်ယာမြေ မှတ်ပုံတင် ခွင့်ရရှိရန် တံတားဦးမြို့နယ်ရှိ သိမ်းဆည်း ခံရသည့် ကျေးရွာ ၁၃ ရွာမှ တောင်သူများ နှင့် စုံစမ်းရေးကော်မရှင် အဖွဲ့တို့ ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း တောင်သူများအရေး ဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောကြားသည်။
"တပ်လုံခြုံရေးအတွက် ဆိုပြီး သိမ်းထားတဲ့ မြေတွေကို တောင်သူတွေက သူတို့ ဆီက ပြန်ငှားပြီး စိုက်နေကြတယ်။ ခုလယ်ယာ မြေမှတ်ပုံတင်ခွင့် ရမယ်ဆိုရင် တောင်သူ အပိုင်ဖြစ်ပြီလို့ ပြောလို့ရပြီ" ဟု ၄င်းက ပြောဆိုသည်။

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် ကို ၁၉၉၉ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ယခု အခါ ပြည်တွင်းပြည်ပ လေကြောင်းလိုင်း ၁၂ ခုက ပြေးဆွဲနေကြောင်း မှတ်တမ်းများအရ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့