
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ၊ ညွှန်ကြားရေးမှူး ဦးဆန်းလွင် မှ တနသာင်္ရီတိုင်းဒေသကြီး ၊ ကောသောင်းမြို့ နယ်စပ်မှ တဆင့် ထိုင်းနိုင်ငံသား နှင့် တတိယနိုင်ငံသား များ မြန်မာနိုင်ငံ အတွင်းသို့ ၀င်/ထွက် ခွင့် ကိစ္စ နှင့်စပ်လျဉ်း ၍ရှင်းလင်း အသိပေးပြောကြားသည်။ ပြောကြားရာတွင် ထိုင်းနိုင်ငံသားအပါအ၀င် ထိုင်းနိုင်ငံရောက် တတိယနိုင်ငံသား များ ခရီးသွားဗီဇာ နှင့် ပါ့စပို့ ကိုင်ဆောင်သူ အားလုံး မြန်မာနိုင်ငံ ၊တနသာင်္ရီတိုင်းဒေကြီး ၊ ကော့သောင်း မြို့နယ်စပ် စခန်းမှ တဆင့် လေကြောင်းခရီးစဉ် ဖြင့် မြန်မာနိုင်ငံ ပြည်မ မြို့ များ သို့ တရားဝင်လည်ပတ် နိုင် ပြီးဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် တိုင်းဒေသညွှန်ကြားရေးမှူး သည် တက်ရောက်လာသူများ ၏ သိလိုသည့် မေးမြန်းချက်များကို ရှင်းလင်းဖြေကြား သည်။
အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ၊ N G Oအဖွဲ့များ ၊
ဒေသခံ နိုင်ငံခြား/ပြည်တွင်းခရီးသွား လုပ်ငန်း ကုမ္ပဏီလုပ်ငန်းရှင်များ ၊ ဟိုတယ် /မိုတယ် တယ်လုပ်ငန်းရှင်များ၊သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များ ၊ ကုန်သွယ်မှု လုပ်ငန်းရှင်များ ၊ မြို့မိမြို့ဖများ နှင့် စိတ်ပါဝင်စားသူ (၁၀၀) ဦးခန့်တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment