Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Monday 22 July 2013
ရေနုတ်မြောင်း မရှိလို့ ရပ်ကွက် ရေမြုတ်
ချမ်းမြသာစည် ရပ်ကွက် ရေနစ်မြုပ်မှု မြင်ကွင်း ဓါတ်ပုံများ
အုတ်တံတိုင်းများ ပြိုကျပြီး နေအိမ် ထဲ ရေများဝင်ခဲ့
ဇူလိုင်လ ၁၅ ၇က်နေ့ ည ၉ နာရီမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကြီးမြို့  ရပ်ကွက်တွေထဲက ရတနာသီရိ ရပ်ကွက်နဲ့  ချမ်းမြသာစည် ရပ်ကွက် က အိမ်အမှတ် ခ/၈၈ သဇင်လမ်းသွယ် နယ်မြေ
(၂) ၊ အိမ်အမှတ် ခ/ ၉၁ သဇင်လမ်း နယ်မြေ (၂ )မှာရှိတဲ့ အိမ်ကတော့  အုတ်တံတိုင်းများ ပြိုကျပြီး နေအိမ် ထဲ ရေများဝင်ခဲ့ တာကြောင့် ပျက်စီး  ဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါသည်။
ဇူလိုင်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီ ခန့် မှာတော့ မြို့ နယ် / ၇ပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့  စည်ပင်သာယာက တာဝန်ရှိသူတွေ လာရောက် ကြည့်ရှုခဲ့တယ်လို့ ရပ်ကွက်နေ သူတစ်ဦးက ပြောပါသည်။
အဆိုပါ ရပ်ကွက်သည် အနိမ့်ပိုင်းတွင်ရှိပြီး မိုးတွင်းကာလ ရောက်တိုင်း ရေနှစ်မြုတ်လျက်ရှိပြီး ၊ ၂၀၀၅ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ကာ ရေနစ်မြုပ်မှုကြောင့်၂၀၀၆ ခုနှစ်တွင် လူသေဆုံးမှုများ ရှိခဲ့ကြောင်း ရပ်ကွက်နေသူ တစ်ဦး ကပြောပါသည်။
ချမ်းမြသာစည် ရပ်ကွက်သည် စည်ပင်သာယာ နယ်နမိတ် အတွင်း ရှိနေသော်လည်း စည်ပင်သာယာဌါနမှ ရေနုတ်မြောင်းများ တူးဖေါ်ပေးခဲ့ခြင်း မရှိကြောင်း သိရပါသည်။
ယခုတကြိမ် ရေနစ်မြုပ်မှုကြောင့် နေအိမ်ပျက်စီးသွားသော အိမ်ရှင် မသင်္ဂီဝင်း က ၂၀၁၁ခုနှစ်ကနေအခုထိ ရေနစ်မြုပ်မှု ဖြစ်ခဲ့ပါတယ်၊ အုပ်ချုပ်ရေးပိုင်းနဲ့  စည်ပင်ကလာကြည့်တာ  နှစ်တိုင်းပါ
ဒီနေ့ ထိတော့ ရေနုတ်မြောင်း လုပ်ပေးတာ မရှိပါဘူးပာုပြောပြပါသည်။
ကျနော်တို့ ကိုယ့်အား ကိုယ်ကိုးပြီး ရေနုတ်မြောင်းတူးရင် ကုန်ကျစားရိတ်က သိန်းသုံးရာလောက်
ကုန်မယ် ရပ်ကွက်လူထုကိုလည်း ၀န်ထုပ်ဝန်ပိုးဖြစ်မှာ စိုးရတယ်၊ စည်ပင်သာယာက နည်းပညာနဲ့ အကူအညီပေးရင် အကောင်းဆုံးပါပာု ၇ပ်ကွက်အုပ်ချုပ်ရေးမူး ဦးမောင်မောင်တာက ပြောပါသည်။
ယ္ခုဖြစ်ပေါ်နေသော အခက်အခဲများကို တောင်ကြီးမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်
ဦးစံလင်း ထံတင်ပြ အကူအညီ တောင်းထားကြောင်း သိရပါသည်။
သတင်း/ဓာတ်ပုံ - ရှမ်းလေး ၊ ကိုမိုး (မျိုးဆက်သစ် )
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့