Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

ယခုလ အတွင်း အာရှဒေသမှ ဘုရာဖူး အများအပြား ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ခဲ့


ယခု ဇူလိုင်လ ၁ ရက်နေ့မှ ၂၄ ရက်နေ့ အတွင်း ရွှေတိဂုံ ဘုရားသို့ နိုင်ငံခြားသား ဧည့်သည် အများအပြား လာရောက် ဖူးမြှော် ရာမှာ အာရှဒေသမှ
ဘုရာဖူး လာရောက်မှု ပိုမိုများပြား တယ်လို့ ရွှေတိဂုံ မီဒီယာ တွေ့ဆုံပွဲမှ သိရပါတယ်။ ဒီလို လာရောက် ဖူးမြှော်ရာ မှာတော့ ကိုရီးယား၊ ထိုင်း၊ ဂျပန် အစရှိတဲ့ နိုင်ငံများမှ လာရောက် ဖူးမြှော်မှု များပြားတာ ဖြစ်ပါတယ်။ အဲ့ဒီလို ဖူးမြှော်ရာ မှာလည်း ကိုရီးယားနဲ့ ထိုင်းနိုင်ငံ တို့မှ အများဆုံး လာရောက် ဖူးမြှော်ပြီး တရုတ်နဲ့ လာအိုနိုင်ငံ တို့မှ အနည်းဆုံး လာရောက် ဖူးမြှော်ခဲ့ တယ်လို့ သိရပါတယ်။
 
စုစုပေါင်း လာရောက် လည်ပတ် သူအနေနဲ့တော့ ၁၈၇၃၈ ဦး လာရောက်ခဲ့ပြီး ၀င်ကြေး အနေနဲ့ အမေရိကန် ဒေါ်လာ ၉၃၆၉၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ပြည်ပ ခရီးသွားတွေမှ ထည့်ဝင်ခဲ့တဲ့ အလှူငွေ အဖြစ် ရရှိခဲ့တဲ့ ပမာဏ ကတော့ အမေရိကန် ဒေါ်လာ ၅၃၉၇ ဒေါ်လာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ရွှေတိဂုံ စေတီတော်သို့ ပြည်ပ ခရီးသွားများ လာရောက် ဖူးမြှော်မှုဟာ ဇူလိုင်လ အတွင်း ၁ ရက်ကို ပျမ်းမျှအားဖြင့် လူဦးရေ ၇၈၁ ဦး ၀င်ရောက် လျက်ရှိတယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့