Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

ဆီးဂိမ်းအတွက် ဆိုင်းဘုတ်ကိုင် အမျိုးသမီး Volunteer များ ထပ်မံဖိတ်ခေါ် လျက်ရှိ

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားမှာ ဆိုင်းဘုတ်ကိုင် အမျိုးသမီး Volunteer များ ပါဝင် ဆောင်ရွက်ဖို့
ယဉ်ကျေးမှုဝန်ကြီးဌာန ဖွင့်ပွဲ၊ ဖိတ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ဖို့ ကြိုတင် ပြင်ဆင် လေ့ကျင့်ရေး ကော်မတီမှ ထပ်မံ ဖိတ်ခေါ် ထားတယ်လို့ သိရပါတယ်။ Volunteer ဆောင်ရွက်ဖို့ စိတ်ဝင်စားသူ လူငယ် အမျိုးသမီး အနေနဲ့ လျှောက်ထား နိုင်ပြီး  သတ်မှတ် ထားတဲ့ အရည်အချင်းများ နဲ့အတူ စာရင်းသွင်း အရွေးချယ် ခံရမှာ ဖြစ်ပါတယ်။

သတ်မှတ် ထားတဲ့ အချက်အလက် တွေနဲ့ ပြည့်စုံတဲ့ လျှောက်လွှာတွေ ကိုတော့  သြဂုတ်လ ၉ ရက်နေ့ နောက်ဆုံးထားပြီး ရန်ကုန်မြို့ ဒဂုံမြို့သစ် တောင်ပိုင်းရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ပါမောက္ခချုပ် ရုံးမှာဖြစ်စေ နေပြည်တော်ရှိ ညွှန်ကြားရေးမှူးရုံး သမိုင်းသုတေသန ဦးစီးဌာန ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့ ရန်ကုန်မြို့ အင်ယားလမ်းရှိ မမဉ္ဇူ Zu Zu Collection  ၊ ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း ပါရာမီ အိမ်ရာရှိ မလတ်လတ် Latt Latt Designer တို့မှာ  ပေးပို့လျှောက် ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

သြဂုတ်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေ မှာတော့ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် ရန်ကုန် စီမံရေးရာ ဌာနမှာ လူကိုယ်တိုင် လာရောက် သတင်းပို့ စစ်ဆေး ရွေးချယ် ခံယူရမှာ ဖြစ်ပါတယ်။ ဆိုင်းဘုတ်ကိုင် အမျိုးသမီး Volunteer များကို ၂၆ ဦးနဲ့ အရံ ၄ ဦး အပါအ၀င် စုစုပေါင်း ၃၀ ဦးကို ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့