Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

ယနေ့ ည မြစ်ကြီးနားမြို့ မှာ သိန်းရာနှင့်ချီ တန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါး နှင့် ကျောက်စိမ်းတုံး များ ဖမ်းမိ

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် တရားခံများ - ဓါတ်ပုံ







 (ဘိန်းဖြူ ဆပ်ပြာခွက်(၄၉)ခွက်၊ စိတ်ကြွရူးသွပ်ဆေးပြား (၂၅၀၀)ပြား၊ ဖုန်(၁)လုံး၊ SURF ကား(၁)စီး၊ ကျောက်စိမ်းရိုင်းတုံး(၂၈)တုံး ဖမ်းဆီးမှု သတင်း )


                   (သတင်းရယူဖမ်းဆီးမှု)

၂၅-၇-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် မြစ်ကြီးနားမူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးများ ရောင်းချရန် သယ်ဆောင်လာမည် ဖြစ်ကြောင်း သတင်းအရ သက်သေများနှင့် အတူ မြစ်ကြီးနားမြို့ ၊ မြို့ သစ်ကြီးရပ်ကွက်၊ စက်မှုလယ်ယာရုံး အနီး မြို့ ပတ်လမ်းပေါ်တွင် မြစ်ကြီးနားမှ ဖားကန့်သို့ ထွက်ခွာမည့် ယာဉ်အမှတ် ၅က/၇၉၂၇ ဗင်ကား အဖြူရောင်အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးမိ ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ယာဉ်ပေါ်တွင် ခရီးသည် ဒေါ်ဒူးဂျီဖူ(မ) သယ်ဆောင်လာသော ပလပ်စတစ်ခြင်းအား နှစ်ထပ်အံဝှက်  ပြုလုပ်ထားသည့် အတွင်း  ရောင်စုံပလပ်စတစ် ဆပ်ပြာခွက် (၂၀)ခွက်အတွင်းမှ စုစုပေါင်း ဘိန်းဖြူမှုန့်
အလေးချိန်(၂၄၉.၈)ဂရမ်ခန့် (တစ်ဂရမ်လျှင် ၈၀၀၀၀ိ/- နှုန်းဖြင့် ကာလတန်ဖိုး ၁၉၉၈၄၀၀၀ိ/-) (တစ်ရာ ကိုးဆယ့်ကိုးသိန်း - ရှစ်သောင်း လေးထောင်ကျပ်တိတိ) နှင့် အပြာရောင်ကပ်ခွာ အိတ်ငယ်များဖြင့် ထည့်လျက် WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၂၅၀၀)ပြား (တစ်ပြားလျှင် ၃၀၀၀ိ/- နှုန်းဖြင့် ကာလတန်ဖိုး အား ၇၅၀၀၀၀၀ိ/-)(ခုနှစ်ဆယ့် ငါးသိန်းကျပ်တိတိ)တို့အား ရှာဖွေတွေ့ ရှိသိမ်းဆည်း ရမိခဲ့သဖြင့် ကွင်းဆက်ဖော်ထုတ်ချက်အရ မြစ်ကြီးနားမြို့ ၊ မန်ခိန်ရပ်ကွက်၊ ကမ်းနားလမ်းနေ ဦးဆီရဲ့ ဟဲ့(ကျား)ထံမှ ၀ယ်ယူလာခြင်းဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် ၄င်းတို့ (၂)ဦးအား မြစ်ကြီးနားနယ်မြေ ရဲစခန်းမယ(ပ) ၈၆/
၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

               (ကွင်းဆက်ဖော်ထုတ်ဖမ်းဆီးရမိမှု)

မြစ်ကြီးနားမူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ဝင်များသည် ၂၅-၇-၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန် မြစ်ကြီးနားမြို့ ၊ မန်ခိန် ရပ်ကွက်၊ ရပ်ကွက်(၁)နေ အထက်ပါအမှုမှ ကွင်းဆက်တရားခံ ဦးဆီရဲ့ ဟဲ့ ၏ နေအိမ်အား ၀င်ရောက်
စစ်ဆေးရှာဖွေခဲ့ရာ ၄င်း၏နေအိမ် အိပ်ခန်း ကုတင်ဘယ်ဘက်ရှိ သစ်သားနံရံအား အံဝှက်ပြုလုပ် သိမ်းဆည်းထားသည့် ရောင်စုံပလပ်စတစ် ဆပ်ပြာခွက် (၂၉)ခွက်အတွင်းမှ စုစုပေါင်း ဘိန်းဖြူမှုန့် အလေးချိန်(၃၄၂)ဂရမ်ခန့် (တစ်ဂရမ်လျှင် ၈၀၀၀၀ိ/- နှုန်းဖြင့် ကာလတန်ဖိုး ၂၇၃၆၀၀၀၀ိ/-)(နှစ်ရာခုနှစ်ဆယ့် သုံးသိန်းခြောက်သောင်း ကျပ်တိတိ)၊ မူးယစ် ဆေးဝါးရောင်းချရငွေ (၁၆၇၅၄၀၀၀ိ/-) (တစ်ရာခြောက်ဆယ့် ခုနှစ်သိန်း ငါးသောင်း လေးထောင်ကျပ်တိတိ)၊  မူးယစ်ဆေးဝါးရောင်းချရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်းတစ်လုံး၊
၎ခ/၈၁၇၃ နံပတ်ပါ SURF ကား(၁)စီး၊ ကျောက်စိမ်းရိုင်းတုံး (၂၈) တုံး  (အလေးချိန် ၁၈၆.၄)ပိဿာ
တို့အား ရှာဖွေတွေ့ ရှိ သိမ်းဆည်းရမိခဲ့သဖြင့်  မြစ်ကြီးနားမြို့ မ ရဲစခန်းမယ(ပ) ၆၃/ ၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

by Myanmar News Now

တရားခံများ၏ ကိုယ်ရေးအချက်အလက်များ

(က)ဒေါ်ဒူးဂျီဖူ(မ)၊ အသက် ၅၈ နှစ်၊ (ဘ)ဦးအာခီးဟူး၊ ၁/ပတအ(နိုင်)၀၂၀၁၆၁၊
ပိတောက်မြိုင်ကျးရွာ၊ မြစ်ကြီးနားမြို့ နယ်။

(ခ)ဆီးရဲ့ ဟဲ့(ကျား)၊ အသက် ၇၅ နှစ်၊ (ဘ)ဦးယိုအာကျော၊
၁/ပတအ(နိုင်)၀၂၅၈၆၆၊ အိမ်အမှတ် (၁/၉၀)၊ နယ်မြေ(၁)၊ မန်ခိန်ရပ်ကွက်၊
မြစ်ကြီးနားမြို့ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့