Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

အာဂျင်တီးနားနိုင်ငံမှ H1N1 ဗိုင်းရပ်ပိုးကူးစက်မှုကြောင့် လူ ၃၈ဦး သေဆုံးခဲ့

အာဂျင်တီးနားနိုင်ငံအတွင်း  H1N1 ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခဲ့သူဦးရေဟာ ၃၈ဦးအထိ ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူတွေနဲ့ ပက်သက်တဲ့ အသေးစိတ် အချက်အလက် ကိုတော့ ထုတ်ပြန်ခြင်း မရှိခဲ့ဘူးလို့သိရပါတယ်။ ရောဂါကူးစက်ခံရသူတွေဟာ ကိုယ်ခံအားနည်းသူတွေ ဖြစ်တဲ့ နာတာရှည်ရောဂါ ခံစားနေရသူ၊ သက်ကြီးပိုင်းအရွယ်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ အသက် ၂နှစ်အောက် ကလေးငယ်တွေဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရောဂါကူးစက်ခံရသူ ၃၈ဦး အနက် ၁၃ဦးဟာ Buenos Aires ပြည်နယ်မှ ဖြစ်ပါတယ်။ နိုင်ငံတွင်း ၂၀၀၉ခုနှစ်က စတင်ကူးစက်ပျံ့နှံ့လာခဲ့တဲ့ H1N1 ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူ ဦးရေဟာ ၆၀၀ကျော်အထိ မြင့်တက်သွားခဲ့ပြီး၊ ကျန်းမာရေး အာဏာပိုင်တွေ ကလည်း အဆိုပါရောဂါနဲ့ ပတ်သက်ပြီး အလေးပေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
 


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့