Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 25 July 2013

ယာဉ်ဖြတ်ကူးစဉ် တံတား ကျိုးကျသော်လည်းထိခိုက်ဒဏ်ရာ ရရှိသူမရှိ

 တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် ပပြင်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ခရီးသည်တင် မှန်လုံယာဉ် တစ်စီး အရှည်ပေ ၁၆ဝ ရှိ ပပြင်သစ်သား တံတားကို ဖြတ်ကူးစဉ် တံတားကျ...ိုးကျ၍ အနက်ပေ ၃ဝ ခန့်ရှိ ချောင်းအတွင်းသို့ နိမ့်ကျခဲ့သည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၄ နာရီခွဲက မြိတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာ သွားသော တနင်္သာရီ ယာဉ်လိုင်းမှ ခရီးသည်တင် မှန်လုံယာဉ် အမှတ်၆ခ/------ယာဉ်မောင်း ဦးခန့်၊ ယာဉ်နောက်လိုက် ဦးစိုးမင်းတို့ ဦးဆောင်၍ ခရီးသည် ၂ဝ ဦး တင်ဆောင်ကာ မြိတ်မြို့မှ ထွက်ခွာလာစဉ် ပပြင်ကျေးရွာရှိ အရှည်ပေ ၁၆ဝ ခန့်ရှိသော သစ်သားတံတား အရောက် တံတားပေါ်မှ ဖြတ်ကူးစဉ် တံတား ကျိုးကျ၍ အနက်ပေ ၃ဝ ခန့် ရှိသော ချောင်းအတွင်းသို့ နိမ့်ကျ ခဲ့သော်လည်း ခရီးသည် တစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းနှင့် အဆိုပါ ရန်ကုန် ခရီးသည်များသည် အခြား မှန်လုံယာဉ် တစ်စီးဖြင့် ခရီးစဉ် အတိုင်း လိုက်ပါသွားနိုင် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများက အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေး၍ လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့