Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 July 2013

လမ်းဖြတ်ကူးသူ ယာဉ်တိုက် သေဆုံး

ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့် မြို့နယ် အပင်နှစ်ဆယ် ကျေးရွာ ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင် အမှတ် (၇/၂)နှင့် (၇/၃) အကြား၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ပုသိမ်မှရန်ကုန်သို့ ယာဉ်မောင်း ခင်မောင်အေး ၄၈ နှစ်(ဘ) ဦးအေးရွှေ  ပုသိမ်မြို့နေသူ မောင်းနှင်သည့် ၁စ/--- ခရီးသည်တင် မှန်လုံယာဉ်သည် လမ်းဖြတ်ကူးသူ ကိုဘိုမြင့် ၂၅ နှစ်(ဘ) ဦးသန်းထွန်း သာပေါင်းမြို့နယ် နေသူအား ဝင်တိုက်မိခဲ့သည်။

ဖြစ်စဉ်ကြောင့် ကိုဘိုမြင့်၏ ယာချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဝဲဒူးခေါင်း ပွန်းပဲ့ဒဏ်ရာ၊ နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာ၊ ဝမ်းဗိုက်ပေါက်ပြဲ ဒဏ်ရာ၊ ယာလက်ပေါက်ပြဲ ဒဏ်ရာများ ရရှိ သေဆုံးသွားသဖြင့်  ခင်မောင်အေးအား ကန်ကြီးထောင့် ရဲစခန်းမှ ယာဉ် (ပ)၁၄/၁၃၊ ပြစ်မှုပုဒ်မ ၃ဝ၄(က)ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မြ၀တီ


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့