Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

အမ်းမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦး ရဲဒင်းဖြင့် ခုတ်သတ်ခံရ

 ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦး ဇူလိုင်လ ၂၀ ရက်နေ့က ရဲဒင်းဖြင့် ခုတ်သတ် ခံခဲ့ရသည်။

သတ်ဖြတ်ခံရသူမှာ  အမ်းမြို့နယ်၊ ကင်းခြေအုပ်စု၊ ဝေချောင်း ကျေးရွာမှ  မူလတန်း ကျောင်းအုပ် ဆရာမ ဒေါ်မြင့်မြင့်ဇော် (၃၄) နှစ်  (ဘ) ဦးပီတာ ဖြစ်သည်။

ဒေါ်မြင့်မြင့်ဇော်အား ရဲဒင်းဖြင့် ခုတ်သတ်သူမှာ   ကြက်တင်းပစ်ကျွန်း ကျေးရွာနေ ကိုဝင်းစိုး (အသက်၂၈နှစ်) (ဘ) ဦးမောင်ယောင်းနှင့် ၄င်း၏ ညီဖြစ်သူ ကိုဝင်းဌေး တို့ ဖြစ်ကြသည်။

ကိုဝင်းစိုးတို့ ညီအစ်ကို နှစ်ဦးသည် ဇူလိုင်လ ၂၀ ရက်နေ့က ဒေါ်မြင့်မြင့်ဇော် နေထိုင်ရာ နေအိမ်ပေါ်သို့ တက်၍ ရဲဒင်းဖြင့် ခုတ်သတ်သွားခဲ့သည်ဟု နယ်မြေခံ တပ်တောင်ရဲစခန်းမှ ပြောသည်။

အခင်းဖြစ်ပွားခံပုံနှင့် ပတ်သက်၍ သေဆုံးသူ ဒေါ်မြင့်မြင့်ဇော်၏ ခင်ပွန်းဖြစ်သူ ဦးမောင်သန်းမြင့်က ယခုလို ပြောသည်။

“ အခင်းဖြစ်တဲ့နေ့ ညနေ ၄နာရီကျော်လောက်မှာ ရဲဒင်းကိုင်ပြီး ကိုဝင်းစိုးတို့ ညီအစ်ကိုနှစ်ယောက် ကျနော်တို့ အိမ်ကို ရောက်လာတယ်။ ငွေပေး ခိုင်းစေချက် အရ ကျနော့်ကို အပြတ်ရှင်းဖို့ သူတို့ လာရကြောင်း ပြောဆို ကြိမ်းဝါးနေလို့ ရွာသားတွေကို သွှားခေါ်ခဲ့တယ်။ ၅ မိနစ်လောက်အကြာ ကျနော် အိမ်ပြန်ရောက်တဲ့အခါ ကျနော့် အမျိုးသမီးကို ရဲဒင်းနဲ့  ခုတ်သတ် နေတာတွေ့ရလို့ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ရွာသားတွေက ၀ိုင်းပြီး ထိန်းသိမ်း လိုက်ရတယ်” ဟု ပြောသည်။

အသတ်ခံရသူ ဆရာမ ဒေါ်မြင့်မြင့်ဇော်မှာ ထိုနေ့ညနေ ၄နာရီ ၄၄မိနစ်တွင် ဦးခေါင်းတွင် ဒဏ်ရာ ၆ချက်နှင့် ဒူးဒဏ်ရာ တစ်ချက်၊ စုစုပေါင်းဒဏ်ရာ ခုနစ်ချက်ဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ခင်ပွန်းဖြစ်သူ ဦးမောင်သန်းမြင့် မှလည်း ရဲဒင်းထိ၍ သွားနှစ်ချောင်းကျိုးကာ နှာခေါင်းဒဏ်ရာများရသွားခဲ့သည်။

ကိုစိုးဝင်းအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်သိ ပြည်သူများပူးပေါင်းမှုဖြင့် ကိုဝင်းစိုးအား ယင်းနေ့ညနေ ၇ နာရီတွင် တပ်တောင်ရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး ၄င်း၏ ညီဖြစ်သူ ကိုဝင်းဌေး မှာ ထွက်ပြေး တိမ်းရှောင် သွားကြောင်း သိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့က လူသတ်မှုဖြင့်အဖမ်းခံနေရသူ ကိုစိုးဝင်းအား အမ်းမြို့နယ် တရားရုံးတွင် ရုံးထုတ် ရမန်ယူခဲ့ကြောင်းလည်း တပ်တောင်ရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းက နိရဉ္ဖရာကို ပြောသည်။

ပြစ်မှုကျူးလွန်သူအဖြစ်စွပ်စွဲခံရသူအားတပ်တောင်ရဲစခန်းမှ အမှုအမှတ် (ပ)၅၄/၂၀၁၃၊ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အရေးယူခဲ့ပြီး၊ တရားခံပြေးကိုဝင်းဌေးအား ပုဒ်မ၁၁၄ဖြင့် အမှုဖွင့်ကာ ၄င်းအား အမြန်ဆုံး ဖမ်းမိရေးအ တွက် အပူတပြင်း လိုက်လံ ရှာဖွေ ဖမ်းဆီးလျှက်ရှိကြောင်း တပ်တောင်ရဲစခန်းမှသိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့