Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 July 2013

ဇူလိုင်လ ၂၆ရက်နေ့ အတွက် မိုးလေ၀သ ခန့်မှန်းချက်

  ယမန်နေ့ မြန်မာစံတော်ချိန် ၃နာရီခွဲအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက် မြောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခု
ဖြစ်ပေါ်နေ ပါတယ်။ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော် တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအလွန် ကောင်းနေပါတယ်။ ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီးနဲ့ မကွေးတိုင်း ဒေသကြီး တို့မှာ နေရာကျဲကျဲ၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ရခိုင် ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ ဒေသ အလိုက်နဲ့ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ် တို့မှာ နေရာကွက်ပြီး မိုးကြီး နိုင်ပါတယ်။
 
မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီး ပါမယ်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်၊ မြေပြင် လေဟာ တစ်နာရီကို မိုင် ၄၀ အထိ တိုက်ခတ် နိုင်ပါတယ်။
 
မနက်ဖြန် အတွက် ခန့်မှန်းချက် ကတော့ မုတ်သုံလေ ဆက်လက် အားကောင်း နေပါမယ်။
 
မှတ်သားဖွယ်ရာ မိုးရေချိန်တွေ ကတော့-
ရေးမြို့မှာ ၁၀.၃၅ လက်မ၊
လောင်းလုံမြို့မှာ ၅.၂၄ လက်မ၊
မောင်တောမြို့မှာ ၅.၂၀ လက်မ၊
ကော့ကရိတ်မြို့နဲ့ကျိုမရောမြို့တို့မှာ ၄.၈၇ လက်မစီ၊
မာန်အောင်မြို့မှာ ၄.၄၁ လက်မ၊
ဘီးလင်းမြို့မှာ ၃.၉၄ လက်မနဲ့
ဖျာပုံမြို့မှာ ၃.၇၄ လက်မတို့ ဖြစ်ကြပါတယ်။
 
နေပြည်တော်နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့  မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်း ရွာပါမယ်။  ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ ညနေအထိ ခန့်မှန်းချက် ကတော့ မိုးအသင့်အတင့် ထစ်ချုန်း ရွာပါမယ်။ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက် အတွက် ဒီကနေ့ ညနေ အထိ ခန့်မှန်းချက် ကတော့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာပါမယ်။
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့