Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 13 August 2013

လိုင်စင်မဲ့ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှ သယ်ဆောင်လာသော လက်နက်နှင့်အတူ ဖမ်းဆီးရမိ

 ၁၀-၈-၂၀၁၃ ရက်နေ့ ၁၈၁၅ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ခမ်းပတ်မြို့၊ ကမ္မကြီး ရွာအ၀င်တွင် တမူး(မူးယစ်)အထူးအဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ခမ်းပတ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမှကလေးသို့ တမူးမြို့၊ မြို့မ(၁၃)ရပ်ကွက်နေ ဆွင်ခင်းမန်(၃၃)နှစ် မောင်းနှင် လာသော တရုတ်နိုင်ငံလုပ် ၁၂၅ အနီ/အနက်ကြား လိုင်စင်မဲ့ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်၏အဲယားကလင်ဒါအတွင်းမှ ကိုယ်ထည်အမှတ် DAA 5359161. Made In USA တံဆိပ်ပါ .၃၂ ပစ္စတို ၁ လက်၊ ကျည်မပါသော ၎င်းကျည်အိမ် ၁ ခုနှင့် ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ 

စစ်ဆေးချက်အရ ယင်းနေ့ ၁၂၀၀ အချိန် ဆွင်ခင်းမန်၏နေအိမ်သို့ တမူးမြို့၊ စော်ဘွား (၁၀)ရပ်ကွက်နေ စိုင်းထက်(ခ)ရဲချစ် ရောက်ရှိလာပြီး အဆိုပါသေနတ်အား ကြိုတင်ငွေကျပ်(၁၀၀၀၀ိ/-) ပေး၍ သယ်ဆောင်ခိုင်းကြောင်း၊ ကလေးမြို့သို့ရောက်ရှိလျှင် ဖုန်းနံပါတ် ၀၉-xxxxxxxxx သို့ ဆက်သွယ်ပါက ပေးပို့ရမည့်နေရာနှင့်အမည်အား ထပ်မံပြောပြမည်ဖြစ်ကြောင်း သိရှိရသဖြင့် ၁၈၃၀ အချိန် တမူး(မူးယစ်)အထူးအဖွဲ့မှတပ်ဖွဲ့ဝင်များ၊ တမူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စော်ဘွား(၁၀)ရပ်ကွက်ရှိ စိုင်းထက်(ခ)ရဲချစ်၏နေအိမ်သို့ သွားရောက်ရှာဖွေရာ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ ရှာဖွေတွေ့ရှိခြင်းမရှိဘဲ စိုင်းထက်(ခ)ရဲချစ်မှာ နေအိမ်မှထွက်ပြေးတိမ်းရှောင်သွား ခဲ့သည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ဆွင်ခင်းမန်နှင့် စိုင်းထက်(ခ)ရဲချစ်တို့ ၂ ဦးအား ခမ်းပတ်မြို့မရဲစခန်း (ပ)၁၇/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသူ စိုင်းထက်(ခ)ရဲချစ်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့