Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 13 August 2013

အလှပြင်ဆိုင်ဗန်းပြပြီး ပြည့်တန်ဆာ လုပ်ငန်း ဆောင်ရွက် နေသူများအား ဖမ်းဆီး အရေးယူ

 ၁၀-၈-၂၀၁၃ ရက်နေ့ ၂၂၄၅ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လမ်းမတော်မြို့နယ်၊ (၄)ရပ်ကွက်၊ လှည်းတန်းလမ်းရှိ ““ပန်းသခင်”” Beauty spa တွင် အနှိပ်ခန်းနှင့်တွဲ၍ ပြည့်တန်ဆာလုပ်ငန်းများလုပ်ကိုင်နေကြောင်းသတင်းအရ သက်သေများအား ကြိုတင်စေလွှတ်၍ ၀င်ရောက်ရှာဖွေခဲ့သည်။ 

ထိုသို့ရှာဖွေရာ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်နေ ဧည့်ကြိုဝန်ထမ်း ကျော်စွာဝင်း(ခ)မိုးဟိန်း(၂၆)နှစ်နှင့် လမ်းမတော်မြို့နယ်၊ (၄)ရပ်ကွက်နေ မန်နေဂျာ ကျော်ဇင်ဦး(ခ)ရှောက်သီး(၃၂)နှစ်၊ ဧည့်ကြိုဝန်ထမ်း သန်းဇော်အောင် (၂၃)နှစ်ပါ ၂ ဦးနှင့် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်ရန်ရောက်ရှိနေသည့် တွံတေးမြို့နယ်နေ မသိမ့်သိင်္ဂီမိုရ်(ခ)မသိင်္ဂီမိုရ် (၁၉)နှစ်ပါ(၉)ဦးတို့အား ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရာတွင်အသုံးပြုသော စာရွက်စာတမ်းများ၊ ငွေကျပ်(၄၃၀၀၀ိ/-)၊ ကွန်ဒုံးများနှင့်အတူတွေ့ရှိရသဖြင့် ကျော်ဇင်ဦး(ခ)ရှောက်သီးနှင့် ကျော်စွာဝင်း(ခ)မိုးဟိန်းတို့ ၂ ဦးအား လမ်းမတော်မြို့မရဲစခန်း(ပ)၁၅၀/၂၀၁၃၊ ပြည့်တန်ဆာ ပပျောက်ရေးအက်ဥပဒေပုဒ်မ ၅(၁)ဖြင့်လည်းကောင်း၊ မစုစုဟန်(ခ)မရွှေစင်အား(ပ)၁၅၁/၂၀၁၃၊ အဆိုပါဥပဒေပုဒ်မ ၃(ခ)ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူခဲ့ပြီး သန်းဇော်အောင်ပါ(၁၀)ဦးအား ရဲအရေးမပိုင်မှု အမှတ်စဉ်(၂/၂၀၁၃)ဖြင့် လမ်းမတော်မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့