Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 August 2013

ရှစ်လေးလုံး အထိမ်းအမှတ် ရန်ကုန်မှာ ချီတက်ပန်းခွေချ ဂုဏ်ပြု

 ဒီကနေ့ကျရောက်တဲ့ ရှစ်လေးလုံး ငွေရတုအထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်းအားစုအပါအဝင် အဖွဲ့ရှစ်ဖွဲ့စုပေါင်းပြီး ဒီကနေ့မနက် ၉ နာရီလောက်က ရန်ကုန် ပြည်လမ်းမ ဟံသာဝတီအဝိုင်းကနေ မြို့တော်ခန်းမရှေ့အထိ ချီတက်လမ်းလျှောက်ကြပါတယ်။

လွန်ခဲ့တဲ့ ၂၅နှစ်က ၈ လေးလုံးလုထုအရေးတော်ပုံကြီးမှာ ကျဆုံးသွားသူတွေကို အလေးပြုလိုတာကြောင့် လမ်းလျှောက်ရတာလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုအဖွဲ့က ဒေါ်ဖြူဖြူက RFA ကိုပြောပါတယ်။

ဒါ့အပြင် မနက် ၈ နာရီ ၈ မိနစ်အချိန်မှာ ရှစ်လေးလုံးအရေးတော်ပုံအတွင်း ကျဆုံးသွားခဲ့တဲ့သူတွေရဲ့ မိသားစုဝင်တွေအပါအ၀င် ရာဂဏန်းရှိတဲ့ ပြည်သူလူထုက ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအရှေ့မှာ လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုခဲ့ကြပါတယ်။

ပန်းခွေချတဲ့အဖွဲ့က ခွင့်ပြုချက်ရယူခဲ့တာဖြစ်ပေမဲ့ လမ်းလျောက်ချီတက်တဲ့အဖွဲ့ဟာ ခွင့်ပြုချက်မယူခဲ့တာကြောင့် မြို့နယ်ရဲတပ်ဖွဲ့တွေကတားဆီးပြီး ခွင့်ပြုချက်ယူဖို့ သတိပေးခဲ့ပါတယ်။

ရှစ်လေးလုံးအရေးအခင်းမှာ ကျဆုံးခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းရှစ်ခုအပါအ၀င် ပြည်သူတစ်ရာနီးပါးက ရန်ကုန်မြို့ ဟံသာဝတီအ၀ိုင်းကနေ မြို့တော်ခန်းမအထိ လမ်းလျှောက်ပြီး လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြသလို ကျဆုံးသွားတဲ့သူတွေရဲ့ မိသားစုဝင်တွေကလည်း မြို့တော်ခန်းမရှေ့မှာ လွမ်းသူ့ပန်းခွေချ ဆုတောင်းခဲ့ကြပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့