Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 12 August 2013

ပြည်တွင်း လုပ်သားများ အတွက် ထိုင်းနိုင်ငံမှ အလုပ် လုပ်ကိုင်ခွင့် သက်တမ်း ၁ နှစ် ထပ်မံ ပေးသွားမည်


ပြည်တွင်းမှ ထိုင်းနိုင်ငံမှာ သွားရောက် လုပ်ကိုင် နေတဲ့ လုပ်သားတွေ အတွက် အလုပ်လုပ် ကိုင်ခွင့်ကို ထိုင်းနိုင်ငံဘက်မှ သက်တမ်း ၁ နှစ် ပေးသွားမှာ
ဖြစ်တယ်လို့ သိရပါတယ်။ အခုလို တိုးထား ပေးတာ ကလည်း ယာယီ နိုင်ငံကူး လက်မှတ် မရှိသေးတဲ့ လုပ်သမားတွေ အတွက် အလုပ်ရှင်မှ  Register တင်ထားပေး သူများကိုသာ ဆောင်ရွက် ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခု သြဂုတ်လ ၁၃ ရက်နေ့ အထိ နောက်ဆုံး ထားပြီး ထိုင်းနိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးတဲ့ စခန်း ၁၁ ခုကို ပိတ်သိမ်း သွားဖို့ ထိုင်းနိုင်ငံ ဘက်မှ တရားဝင် ထုတ်ပြန် ထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် ပြည်တွင်းမှ သွားရောက် လုပ်ကိုင်တဲ့ လုပ်သားတွေ အရေး အတွက် စခန်း ၅ ခုကို ဆက်လက် ဖွင့်ထား ပေးနိုင်ဖို့ကိုလည်း ညှိနှိုင်း ထားတယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို ညှိနှိုင်း ထားတဲ့ ကာလ အတွင်းမှာ ထိုင်းနိုင်ငံ အနေနဲ့ IR38 လို့ ခေါ်တဲ့ အလုပ်လုပ် ကိုင်ခွင့် လက်မှတ် ပြုလုပ်ပေးမှာ ဖြစ်ပြီး စခန်း ၅ ခု ဆက်လက် ဖွင့်ထားပေးဖို့ကိုလည်း ဆက်လက် တောင်းဆို သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံနဲ့ လုပ်သား စေလွှတ်မှုကို ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်ထဲက MoU ထိုးပြီး လုပ်ကိုင်ခဲ့တာ ဖြစ်တယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့