Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 12 August 2013

ပြည်တွင်းရှိ စီးပွားရေး ကဏ္ဍ ၄ ခုမှ ပို့ကုန် တင်ပို့မှု လျော့ကျ သွားနိုင်


ပြည်တွင်းရှိ ပို့ကုန်များကို အခြားနိုင်ငံ များသို့တင်ပို့ရာမှာ လက်ရှိ ကာလ အတွင်း စီးပွားရေး ကဏ္ဍ ၄ ခုမှ ပို့ကုန် တင်ပို့မှုများ လျော့သွား နိုင်တယ်လို့
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။အဆိုပါ ပို့ကုန် တင်ပို့မှုများ လျော့ကျနိုင်တဲ့ စီးပွားရေး ကဏ္ဍ ၄ ခုဟာ သစ်တော ကဏ္ဍ၊ သတ္ထု ကဏ္ဍ၊ ရေထွက်ပစ္စည်း ကဏ္ဍနဲ့ စက်မှုကဏ္ဍတို့ ဖြစ်ပါတယ်။
 
ဒီလို လျော့ကျရာမှာ သစ်တော ကဏ္ဍ အနေနဲ့ ကုန်ကြမ်းများ ရှားပါးမှု၊ သစ်တော ပြုန်းတီးမှု၊ နယ်စပ်ဒေသ များမှ တရားမ၀င် တင်ပို့မှုများကြောင့် ယခင်နှစ်များထက် တင်ပို့မှု လျော့ကျ နိုင်တယ်လို့ သိရပါတယ်။ သတ္ထုကဏ္ဍ အနေနဲ့ နယ်မြေ လုံခြုံရေး အခြေအနေ အရ လုပ်ငန်း ဆောင်ရွက်နိုင်မှု ကန့်သတ်ချက် ရှိခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အခြေအနေ အရ တင်ပို့မှု လျော့ကျ နိုင်မှာ ဖြစ်ပါတယ်။
 
ရေထွက် ပစ္စည်းများ တင်ပို့မှုမှာ ကုန်ကြမ်း ရှားပါးမှု ဖြစ်ပေါ်နေတဲ့ အတွက် အာဂျင်တီးနား နိုင်ငံမှ ရေထွက် ကုန်ကြမ်း ပစ္စည်းများကိုသာ တင်သွင်းပြီး ပြည်တွင်းရှိ အအေးခန်း စက်ရုံများ ရပ်တန့်မှု မရှိစေရန် လက်ခစား စနစ်ဖြင့် ဆောင်ရွက် နေရတဲ့ အခြေအနေကို ရောက်ရှိနေတဲ့ အတွက် တင်ပို့မှု လျော့ကျနိုင်ပြီး စက်မှုကဏ္ဍ အနေနဲ့လည်း လက်ခစား စနစ် စက်ရုံများ မှအပ အခြားကြီးမားတဲ့ SME များမရှိတဲ့ အတွက် တင်ပို့မှု လျော့ကျ နိုင်မှာ ဖြစ်ပါတယ်။ ဒီလို စီးပွားရေး ကဏ္ဍ ၄ ခုမှာ ပို့ကုန်တင်ပို့မှု လျော့ကျ ပေမယ့်လည်း လယ်ယာ ကဏ္ဍနဲ့ စွမ်းအင် ကဏ္ဍ မှာတော့ ပိုမိုတင်ပို့ လာနိုင်ချေ ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့