တောင်ကိုရီးယား ၊ အမေရိကန်နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များအကြား စစ်ရေး အသင့်ရှိစေရေး ရည်ရွယ်၍ အမေရိကန်နှင့်တောင်ကိုးရီးယား
နှစ်နိုင်ငံ စစ်တပ်များမှ Ulchi Freedom Guardian(UFG) ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းကို သြဂုတ် ၁၉ ရက်မှ ၃ဝ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ပူးပေါင်း တပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ် (Combined Forces Command -CFC) မှ သြဂုတ် ၁၁ ရက် တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၅ဝ,ဝဝဝ ခန့် နှင့် အမေရိကန် တပ်ဖွဲ့ဝင် ၃ဝ,ဝဝဝ ခန့် ပါဝင်မည် ဖြစ်ပြီး ကွန်ပြတာဖြင့် သရုပ်ဖော် တိုက်ခိုက် လေ့ကျင့်သွားမည် ဖြစ်ကြောင်း ပူးပေါင်း တပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ် တပ်မှူး Gen. James D. Thurman မှ ပြောကြားခဲ့သည်။
source: xinhua
http://news.xinhuanet.com/english/world/2013-08/11/c_132621140.htm

No comments:
Post a Comment