Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 12 August 2013

ဇနီးကောင်းနှင့်မိခင်ကောင်း ဖြစ်ရန် အလုပ်နှင့် မိသားစု ခွဲခြား လုပ်ဆောင်သွားမည့် မင်းသမီး Halle Berry

James Bond ဇာတ်ကားတစ်ကား ဖြစ်သည့် Die Another Day တွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် မင်းသမီး Halle Berry သည်
လတ်တလောတွင်  "X-Men: The Last Stand" ဇာတ်လမ်းကို ရိုက်ကူးနေပြီး မမျှော်လင့်ဘဲ ကိုယ်ဝန် ရရှိခဲ့သည့်အတွက် အလွန်အမင်း ၀မ်းသာနေကြောင်း သိရသည်။

သူမက မီးမဖွားမီ ရိုက်ကွင်းများမှ အနားယူနေသော်လည်း မြန်နိုင်သမျှ မြန်မြန် အနုပညာလုပ်ငန်းများ ပြန်လည် စတင်သွားမည် ဖြစ်သည်။  "ကျွန်မ အနေနဲ့ အလုပ်တွေကို ဘဝရဲ့ အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားသင့်ပြီ။ အိမ်ကို ပြန်လာရင် ကျွန်မဟာ ခင်ပွန်းဖြစ်သူ Olivier Martinez အတွက် ဇနီးကောင်းနှင့် ကလေးများအတွက် အမေတစ်ယောက်ပဲ ဖြစ်ရပါမယ်။ ပြီးတော့ အိမ်ကနေ အလုပ်ခွင်ကို ထွက်သွားချိန်ထိလည်း အဲဒီအတိုင်း ဖြစ်နေရမယ်လေ"ဟု မင်းသမီး Halle Berry မှ ဖွင့်ဟသွားသည်။

မင်းသမီး Halle Berry သည် အနုပညာ လုပ်ငန်းများတွင် ဖိအားများလွန်းသည့် အတွက် စိတ်ရောဂါအထူးကု ဆရာဝန် တစ်ဦးနှင့်ပင် တိုင်ပင် အကြံယူခဲ့ရကြောင်း သိရှိရသည်။ ရိုက်ကွင်းများပေါ်မှ ဖိအားများသည် သူမအတွက် စဉ်းစား တွေးခေါ်ပုံများကိုပါ ပြောင်းလဲပြီး ရည်မှန်းချက်နှင့် လမ်းကြောင်း ချော်ထွက် သွားလောက်အောင်ပင် ဆိုးဆိုးရွားရွား ပြင်းထန်တတ်ကြောင်း Total Film မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ အသက်(၄၆)နှစ်ရှိ မင်းသမီး Halle Berry သည် (၅)နှစ်အရွယ် သမီးလေး နာလာအတွက်လည်း အချိန်ပေးနေရသူ ဖြစ်သည်။


Source: CNN
http://marquee.blogs.cnn.com/2013/08/06/how-halle-berrys-pregnancy-impac...

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့