Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 9 August 2013

၈၈ အရေးတော်ပုံ ငွေရတုနေ့ရက်တွင် မုံရွာ ဇောတိကရာမကျောင်းတိုက်၌ သံဃာတော်တစ်ပါး မိမိကိုယ်မိမိ မီးရှို့၍ အဆုံးစီ ရင်

 ၈၈ အရေးတော်ပုံ ငွေရတုသဘင် အခမ်းအနားကျင်းပ ပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်၊ ကျောက္ကာလမ်းရှိ မဟာဇောတိက ရာမ ပါဌိတက္ကသိုလ်ကျောင်းတိုက်ဝင်းအတွင်း၌ ယခုလ ၈ ရက်နေ့ မနက် ၂ နာရီခွဲ ၀န်းကျင်အချိန်ခန့်က ရဟန်ပျိုတစ်ပါး မိမိကိုယ်မိမိ မီးရှို့၍ အဆုံးစီရင်သွားခဲ့ကြောင်း ရဲဌာနပိုင် မှတ်တမ်းများ ၌ ဖော်ပြထားသည်။

အဆိုပါ မှတ်တမ်းများတွင် ယနေ့မနက် ၄ နာရီ ၄၄ မိနစ်အချိန်ခန့်က မုံရွာဆေးရုံကြီးသို့ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသော သံဃာတစ်ပါး၏ ရုပ်ကလပ်အား ရောက်ရှိလာကြောင်း မှုခင်းဆေးမှတ်တမ်းဌာန၏ မှတ်တမ်းများ၌ ဆက်လက်၍ ဖော်ပြထားသည်။

အခင်းဖြစ်ပွားခဲ့သော ကျောင်းတိုက်ကြီးသည် စာသင်ဝါဆိုသံဃာတော် အပါးတစ်ထောင်ခန့် သီတင်းသုံးနေထိုင်သော ကျောင်းတိုက်ကြီးဖြစ်ရာ နံနက်ဆွမ်းခံကြွချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် သေဆုံးသူ သံဃာတော်မှာ မည်သူမည်ဝါဖြစ် ကြောင်း အတည်ပြု့ သတ်မှတ်ပြောဆိုရန် ခက်ခဲနေသေးသည်ဟု ဆရာတော် ဦးကုမှ မိန့်ကြားတော်မူသည်။

ဇောတိကရာမ ပါဌိတက္ကသိုလ်ကျောင်းတိုက်ဝင်းအတွင်း အင်္ဂါထောင့်ဘက်တွင် တည်ထားကိုးကွယ်သော ရတနာမုနိ စေတီတော်ကြီး၏ အရှေ့ဘက် မုခ်ဦးလှေကားတက်နေရာတွင် သေဆုံးသူ သံဃာတော်တစ်ပါးမှ မိမိကိုယ်မိမိ မီးရှို့ အဆုံးစီ ရင်ခဲ့ခြင်းဖြစ်ကြောင်း စာဝါချ ဆရာတော်တစ်ပါး၏ အတည်ပြု မိန့်တော်မူချက်အရ သိရသည်။

မနက် ၉ နာရီအချိန်ခန့်တွင် တိုက်အုပ်ဆရာတော်များမှ သေဆုံးသူ သံဃာတော်၏ ရုပ်ကလပ်အား မုံရွာဆေးရုံကြီးရှိ အအေးတိုက်သို့လာရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အရှင်သုန္ဒရ သက်တော်(၂၄)နှစ်၊ ၀ါတော်(၄)၀ါခန့်ရှိပြီ ဖြစ်ကြောင်း အတည်ပြုမိန့်တော်မူသည်။ သေဆုံးသူ အရှင်သုန္ဒမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ အုန္နဲဘုတ်ကျေးရွာနေ ခမည်းတော် ဦးငွေ၏ သား ဦးပဇင်းဖြစ်ကြောင်းလည်း ယင်း တိုက်အုပ်ဆရာတော်များမှ ဆက်လက်၍ မိန့်ကြား တော်မူသည်။

“ သေဆုံးတဲ့ ဦးပဇင်းက သေတမ်းစာတစ်စောင်ရေးထားခဲ့ပါတယ်။ ဘုရားတပည့်တော်သည် သဗ်ဗေညုတ ဥာဏ် တော်ကို ရလိုရောက်လို၍ ဘုရား၊တရား၊ သံဃာတော်များကို တပည့်တော်၏ အသွေးအသားများဖြင့် ဤကဲသို့ ပူဇော်ပါ၏ ” ဟု ရေးသားထားကြောင်း ခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ ရဲအရာရှိတစ်ဦးက ပြောပြသည်။

အဆိုပါ သေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ မည်ကဲသို့ သေဆုံးခဲ့ရသည်ကို ဆေးစာထင်မြင်ချက်ရယူနိုင်ရန် မုံရွာအမှတ်(၂) ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၀ / ၂၀၁၃ အရ မုံရွာဆေးရုံ မှုခင်းဆရာဝန်ကြီးမှ ဆက်လက်ဆောင်ရွက်ခဲ့ရာ သေဆုံးသူ ဦးပဇင်း၏ အသက်ရှုလမ်းကြောင်း၌ မီးခိုးမှိုင်းစများ စီစစ်တွေ့ရှိခဲ့ရသဖြင့် ၎င်းမှာ မီးလောင်ပြီးသေဆုံးခဲ့ရသည်မှာ ဖြစ်နိုင်ဖွယ်ရာရှိကြောင်း ဆေးပညာရပ်ပိုင်းဆိုင်ရာအရ ခန့်မှန်းပြောဆိုခဲ့သည်။

၈၈ အရေးတော်ပုံ ငွေရတု ကျင်းပမည့်နေ့ရက်လာလ၌ မိမိကိုယ်မိမိ မီးရှို့၍ အဆုံးစီရင်ခဲ့သော အရှင် သုန္ဒရ၏ ရုပ်က လပ်အား မနက်ဖန် (၉.၈.၂၀၁၃ )ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် မုံရွာဆေးရုံကြီး အအေးတိုက်မှ ဆာကျင်းသုဿန်သို့ ပို့ဆောင်သဂြိုလ်နိုင်ရန်အတွက် တိုင်းဒေသကြီး စည်ပင်သာယာဝန်ကြီး ဦးတင့်လှိုင်မြင့်နှင့် တာဝန်ရှိဆရာတော်များမှ စီစဉ် လျက်ရှိကြောင်း ချင်းတွင်း နာရေးကူညီမှု ဆန်လှူအသင်းထံမှ သိရသည်။

သေဆုံးသူ အရှင် သုန္ဒရ သီးတင်းသုံးနေထိုင်တော်မူခဲ့သည့် မဟာဇောတိက ရာမ ပါဌိတက္ကသိုလ်ကျောင်းတိုက် ကြီးသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် ၃ နာရီအချိန်ခန့်က လက်ပံတောင်းတောင်း သပိတ်စခန်းများအား ဖြိုခွဲ ဖယ်ရှားရာတွင် မီးလောင်ဒဏ်ရာရ သံဃာတော် (၈၈)ပါးခန့် ပါဝင်ခဲ့ကြောင်း ၎င်း ကျောင်းတိုက်၏ သတင်းထုတ်ပြန် ချက်များအရ သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့