Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

တက္ကသိုလ်ဝင်ခွင့်အတွက် ရပ်ကွက်နှင့် ရဲစခန်း ထောက်ခံစာမလိုတော့

 ရန်ကုန်- တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ရဲစခန်းတို့မှ ရယူတင်ပြရသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာ မလိုတော့ကြောင်း သတင်းရရှိသည်။

နိုင်ငံရေးကင်းရှင်းကြောင်း နှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရဲစခန်းထောက်ခံချက် တင်ပြရမည့် သတ်မှတ်ချက်နှင့် အဝေးသင်တက္ကသိုလ် တက်ရောက်မည့် ကျောင်းသားများအတွက် ရပ်ကွက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာတင်ပြရန် သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

ရဲစခန်းနှင့် ရပ်ကွက်ထောက်ခံချက်ရယူရခြင်းသည် တက္ကသိုလ်ကျောင်းလျှောက်ထားမှုတွင်သာမဟုတ်ဘဲ ပုဂ္ဂလိကကုမ္ပဏီများတွင် အလုပ်လျှောက်ထားရာ၌ င် ထည့်သွင်းတင်ပြရသည့် အစဉ်အလာဖြစ်နေသည်။ ယင်းကဲ့သို့ ထောက်ခံချက်များကို လိုအပ်ချက်တစ်ခုအဖြစ် ရယူနေရခြင်းအပေါ် ဝေဖန်မှုများစွာလည်း ရှိနေခဲ့သည်။ ယခုနှစ်တွင် သတ်မှတ်ချက်အသစ်အနေဖြင့် အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများနှင့် ၀ိဇ္ဇာ၊ သိပ္ပံအထူးပြု ဘာသာရပ်အချို့သို့ ၀င်ခွင့်လျှောက်ထားသော ကျောင်းသားများသည် နိုင်ငံသားဖြစ်ရန် လျှောက်ထားဆဲဖြစ်ပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ထောက်ခံစာမူရင်းကို ပူးတွဲတင်ပြရန် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

“အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာတင်ပြရမယ့်သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်တယ်။ ဒါပေမဲ့ အသက်မွေးဝမ်းကျောင်းတက္က သိုလ်နဲ့ သတ်မှတ်ထားတဲ့ ၀ိဇ္ဇာ၊ သိပ္ပံဘာသာရပ်ကို တက်ရောက်မယ့် ကျောင်းသားအနေနဲ့ နိုင်ငံသားမှတ်ပုံတင်လျှောက်ထားဆဲဆိုရင် ထောက်ခံစာမူရင်း ပူးတွဲတင်ပြရပါမယ်”” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လာမည့် ပညာသင်နှစ်မှစ၍ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများနှင့် ၀ိဇ္ဇာ၊ သိပ္ပံအထူးပြု ဘာသာရပ်အချို့အတွက် မြန်မာနိုင်ငံသားများကိုသာ ပိုမိုစိစစ်ကြပ်မတ်၍ ၀င်ခွင့်လက်ခံသွားရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့