Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 12 August 2013

ဓါတုပိုးသတ်ဆေး များကြောင့် အစာအဆိပ်သင့်မှု ဖြစ်ပွားမှု များနေ


ပြည်တွင်းမှာ ဖြစ်ပွားတဲ့ အစာ အဆိပ်သင့်မှု များဟာ ဓါတုပိုးသတ် ဆေးများ အသုံးပြု စိုက်ပျိုး ထားတဲ့ အစားအစာ များကို စားသုံးမိတဲ့ အတွက်
ဖြစ်တယ်လို့ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ စားသုံးသူ ပြည်သူများ ပိုးသတ်ဆေးနဲ့ ဓါတုအဆိပ်သင့် အန္တရာယ် ကင်းရှင်းတဲ့ အစား အသောက်နဲ့ လူသုံးကုန် ပစ္စည်းများ စားသုံးနိုင်ရေး အတွက် ဓါတုဆေးဝါးလွတ် ဆိုင်ဖွင့်ပွဲ မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
 
မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းရဲ့ ဓါတုဆေးဝါးလွတ် Organic ဆိုင်ဖွင့်ပွဲကို သြဂုတ်လ ၁၁ ရက်နေ့က အဆိုပါ ဆိုင်ရှိရာ တိုက် ၁ ၊ အခန်း ၈ မြေညီထပ်၊ လှိုင်ရတနာ အိမ်ယာ အင်းစိန် လမ်းမကြီး၊ ဖူကျင်း စားတော်ဆက်ရှေ့၊ သုခလမ်း မှတ်တိုင် အနီးမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ Organic ဆိုင်ဟာ ပထမဆုံး ဖွင့်လှစ်တဲ့ ဆိုင်ဖြစ်ပြီး နောက်ပိုင်း မှာလည်း Organic ဆိုင်ခွဲများ ဖွင့်လှစ် သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
 
အဲဒီ့ Organic ဆိုင်မှာ ဆိုရင် ဓါတုပိုးသတ်ဆေး ကင်းလွတ်တဲ့ အသီးအနှံများ၊ သဘာဝ ပစ္စည်းများနဲ့ ထုတ်လုပ် ထားတဲ့ လူသုံးကုန် ပစ္စည်းများကို ဈေးနှုန်း ချိုသာစွာ ရောင်းချ လျက်ရှိတာ ဖြစ်ပါတယ်။ ဆိုင်မှာ ရောင်းချတဲ့ အသီးအနှံများ ကိုတော့ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေး အသင်းမှ ဦးဆောင်ပြီး စိုက်ပျိုးနေတဲ့ ဧက ၇၀ ရှိ စိုက်ခင်းမှ စိုက်ပျိုးရရှိတဲ့ အသီးအနှံများကို ရောင်းချတာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့