Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 12 August 2013

အောက်ဆီဂျင်ဗူးများအား ဆက်သွယ် ငှားရမ်း အသုံးပြုနိုင်


သြဂုတ်လ ၁၁ ရက်နေ့က ပထမ အကြိမ် ပြုလုပ်ခဲ့တဲ့ အောက်ဆီဂျင်ဗူး လှူဒါန်းမှု နှစ်ပတ်လည် အခမ်းအနားကို တောင်ဥက္ကလာပမြို့နယ်၊ နန္ဒ၀န်ဈေး
သာသနာ့ နုဂ္ဂဟ ဓမ္မာရုံမှာ ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရာမှာ အောက်ဆီဂျင်ဗူး ၅၀ လီတာ ၇၅ ဗူးနဲ့ ၂၀၀ လီတာဗူး ၃၆ ဗူး တို့ကို လှူဒါန်းခဲ့တဲ့ အပြင် ၇၃ ကြိမ်မြောက် နာရေးကူညီမှု အသင်း ရန်ကုန်သို့ အလှူငွေ သိန်း ၇၉၀ ကျပ် ကိုလည်း လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လှူဒါန်းမှု ကိုတော့ တောင်ဥက္ကလာပ မြို့နယ် ရပ်ကွက် ပေါင်းစုံ စေတနာရှင်များနဲ့ အခြား စေတနာရှင်များမှ ပါဝင် လှူဒါန်းတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ကျန်းမာရေး အတွက် အသုံးပြုလိုတဲ့ အောက်ဆီဂျင် ဗူးတွေကို ငှားရမ်းနိုင်ပြီး မှတ်ပုံတင် မိတ္တူနဲ့ ဆရာဝန် ထောက်ခံချက် ဆေးမှတ်တမ်း တို့ကို ယူဆောင်ပြီး ၂၄ နာရီ ပတ်လုံး အချိန်မရွေး ဆက်သွယ် နိုင်တယ်လို့ သိရပါတယ်။

ဆက်သွယ် ရမယ့်နေရာတွေ ကတော့ တောင်ဥက္ကလာပ မြို့နယ် ဓမ္မရာဇာလမ်း ၁၀ ရပ်ကွက်နဲ့ တကောင်း ၇ လမ်းနဲ့ ဂ လမ်းကြားတို့မှာ ငှားရမ်းနိုင်ပြီး ဖုန်းနံပါတ်တွေ အနေနဲ့ ၀၉-၄၅၀၀၁၅၂၇၃ နဲ့ ၀၉-၄၀၁၆၅၁၂၇၈ တို့ကို ဆက်သွယ် နိုင်ကြောင်း သိရပါတယ်။




No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့