Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 12 August 2013

မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ပြုလုပ်ကျင်းပခဲ့


သတ္တမ အကြိမ်မြောက် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ မိုးရာသီ သစ်ပင် စိုက်ပျိုးရေး ပွဲတော်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့က
မန္တလေးမြို့မှာ ပြုလုပ် ကျင်းပ ခဲ့ပါတယ်။ ဒီလို စိုက်ပျိုးမှု မှာတော့ အရိပ်ရပင် တစ်ထောင့် နှစ်ရာ့ လေးဆယ်ပင် စိုက်ပျိုးခဲ့ တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခုနှစ် မိုးရာသီ ကာလ အတွင်း အမရပူရမြို့နယ် အတွင်းမှာ အရိပ်ရပင် တစ်သောင်း တစ်ထောင် ရှစ်ရာ ခြောက်ဆယ့်ရှစ်နဲ့ ပန်းအလှပင် တစ်သိန်း ငါးသောင်း ရှစ်ထောင် ခြောက်ရာ လေးဆယ့်နှစ် စုစုပေါင်း တစ်သိန်း ခုနစ်သောင်း ငါးရာ့ တစ်ဆယ် စိုက်ပျိုးပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သစ်ပင် စိုက်ပျိုးပွဲကို မန္တလေးမြို့တော်ဝန် စည်ပင် သာယာရေး ၀န်ကြီးဌာန ၀န်ကြီး၊ ကော်မတီဝင်များ၊ မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ ၀န်ထမ်းများနဲ့ ဖိတ်ကြား ထားသူများ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့