Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 12 August 2013

ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် အမည်စာရင်း တင်သွင်းရန် တိုက်တွန်းနေရသည့် သြစတြေးလျ နိုင်ငံသားများ


လာမည့် စက်တင်ဘာ ၇ ရက်၌ ကျင်းပမည့် သြစတြေးလျနိုင်ငံ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် မှတ်ပုံတင် အမည်စာရင်း ပေးသွင်းရန်
ပျက်ကွက်နေသော မဲဆန္ဒရှင်များ အနေဖြင့် အမည်စာရင်း ပေးသွင်းရန် သြစတြေးလျ ဝန်ကြီးချုပ် ရုံးဝန်ကြီး Special Minister of State ဖြစ်သူ Dreyfus က တိုက်တွန်း ပြောကြားခဲ့သည်။

မဲဆန္ဒရှင် မှတ်ပုံတင် အမည်စာရင်း သွင်းခြင်းကို ဇွန် ၆ ရက်မှ စတင်၍ အွန်လိုင်းစနစ်ဖြင့် လက်ခံ ဆောင်ရွက် ပေးခဲ့ရာ စုစုပေါင်း ၅ဝ၆,ဝဝဝ ဦး ၀င်ရောက် စာရင်း ပေးသွင်းခဲ့သည်။ တစ်နိုင်ငံလုံး မဲပေးရန် အရည်အချင်း ကိုက်ညီသူ ၁၄.၆ သန်းခန့် ရှိပြီး အမည်စာရင်းသွင်းရန် ပျက်ကွက်သူ ၁.၃ သန်းရှိနေပြီး ၁၈ နှစ်မှ ၂၅ နှစ်ကြား လူငယ်များ ဖြစ်ကြောင်း သိရသည်။

sourcE: Xinhua


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့