Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 12 August 2013

အင်ဒိုနီးရှားတွင် မီးတောင် ပေါက်ကွဲမှုဖြစ်ပွား


အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Palue ကျွန်းငယ်လေးရှိ Rokatenda မီးတောင်သည် သြဂုတ်လ ၁၀ ရက်နေ့တွင် ပေါက်ကွဲခဲ့ရာ
လူ ၆ ဦး သေဆုံးပြီး အချို့မှာ ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။ သေဆုံး သူများတွင် လူကြီး ၄ ဦးနှင့်  ကလေးငယ် ၂ ဦးဖြစ်ပြီး ကျွန်း၏အစပ် ကမ်းခြေအနီးရှိ ရွာမှဖြစ်ပြီး မီးတောင်ပေါက်ကွဲစဉ်တွင် အိပ်ပျော်နေကြသူများ ဖြစ်သည်။

အဆိုပါ မီးတောင်အနီးတွင် နေထိုင်သည့် လူ ၂,၀၀၀ ကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အင်ဒိုနီးရှား အစိုးရ အရာရှိများမှ ပြောကြားခဲ့သည်။ မီးတောင်ပေါက်ကွဲမှုကြောင့်  ကောင်းကင် ထက်တွင် မီးခိုးပြာပူများသည် မီတာ ၂၀ဝ၀ လောက် အထိ လွင့်တက်ခဲ့ပြီး ချော်ရည်ပူများလည်း ပန်းထွက်ခဲ့သည်။ အဆိုပါ မီးတောင်မှာ ပေါက်ကွဲနိုင်သည့် အနေအထားရှိသည့်အတွက် ၂၀၁၂ ခုနှစ် ၊ အောက်တိုဘာလကတည်းက သတိပေးချက် ထုတ်ပြန်ကာ မီးတောင်နှင့် ၃ ကီလိုမီတာအတွင်း အန္တရာယ်ဇုံအဖြစ် ကန့်သတ်ထားကြောင်းလည်း သိရသည်။

http://news.sky.com/story/1126997/volcano-deaths-as-indonesias-rokatenda...

 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့