Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 12 August 2013

စပိန်နိုင်ငံတွင် လူကုန်ကူးမှုဂိုဏ်း ဖမ်းဆီးမိ


စပိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့တွင် လူမှောင်ခိုကူးနေသည့် ဂိုဏ်းတစ်ဂိုဏ်းအား စပိန် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်း စပိန် ရဲတပ်ဖွဲ့မှ
တာဝန်ရှိသူမှ ပြောကြားခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသော လူကုန်ကူးသည့် ၇၅ ဦး အနက် ၅၁ ဦးအား စပိန်နိုင်ငံတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ကျန် ၂၄ ဦးအား ပြင်သစ် နိုင်ငံတွင် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကာ အများစုမှာ ဘာစီလိုနာ အခြေစိုက် လူကုန်ကူးဂိုဏ်းနှင့် ပတ်သက်နေကြောင်း သိရသည်။

အဆိုပါ လူကုန်ကူးနေ သည့် ဂိုဏ်းသည် ယခုအချိန်တွင် တရုတ် လူမျိုးများအား ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံများသို့ ခေါ်ယူလာပြီး တစ်ယောက် ကို ဒေါ်လာ ၅ သောင်းဖြင့် ရောင်းစားရန် စီစဉ်ထားစဉ် စပိန်ရဲတပ်ဖွဲ့မှ ဖြိုခွင်းလိုက်နိုင်ခြင်း ဖြစ်သည်။ အဆိုပါ လူကုန်ကူးဂိုဏ်းမှ ယူရိုငွေ ၅ဝ,ဝဝဝ နှင့် ဂျပန် ၊ ဟောင်ကောင်နှင့် စင်ကာပူ နိုင်ငံကူး လက်မှတ် အတုများ အပါအ၀င် နိုင်ငံကူး လက်မှတ်အတု ၈၀ ကျော်ကိုလည်း သိမ်းဆည်းရမိသည်။

Source: CNA


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့