Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

တော်ဝင်ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက် တစ်ဦးသေဆုံး

 တောင်ငူ၊ သြဂုတ် ၃

တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၉၂/၃ နှင့် ၁၉၂/၄ ကြားတွင် သြဂုတ် ၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်၌ နေပြည်တော်-တောင်ငူ ပြေးဆွဲသည့် တော်ဝင်ခရီးသည်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာ အသက် ၃၈ နှစ်အရွယ် ဆိုင်ကယ်မောင်းသူ သေဆုံးခဲ့ကြောင်း ရေတာရှည်မြို့ မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။

သြဂုတ်လ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်က တောင်ငူမှ နေပြည်တော်သို့ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ယာဉ်မောင်း ဦးအောင်ထွန်းလေး မောင်းနှင်လာသော တော်ဝင် ခရီးသည်တင်ယာဉ်နှင့် မြောက်မှတောင်သို့ မောင်းနှင်လာသော ဆိုင်ကယ်တို့သည် လမ်းအလယ်ယာဉ်ကြောကို လုရာမှ တိုက်မိခြင်း ဖြစ်ကြောင်း ရေတာရှည် မြို့မရဲစခန်း၏ ကနဦး တိုင်တန်းချက်များအရ စုံစမ်းသိရှိရသည်။

ယာဉ်တိုက်မှုကြောင့် မော်တော်ဆိုင်ကယ် မောင်းနှင်လာသူ ဦးမောင်တူး ရေတာရှည်မြို့နေသူသည် ရင်ဘက်ညိုမည်း ဒဏ်ရာနှစ်ချက်၊ နဖူးပေါက်ပြဲ ဒဏ်ရာတစ်ချက်၊ ယာခါးကျိုးဒဏ်ရာနှင့် နဖူး ပေါက်ကွဲ ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ ဦးဝင်းနိုင် ရေတာရှည်မြို့နယ်နေသူသည် ယာဒူးအက်ကွဲဒဏ်ရာ၊ နဖူး ပေါက်ပြဲဒဏ်ရာ များဖြင့် ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံသို့ မစိုးရိမ်ရ/အတွင်းလူနာအဖြစ် တင်ပို့ပေးခဲ့ရကြောင်း ရေတာရှည် မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဆိုင်ကယ်နဲ့ ခရီးသည်တင်ကားက လမ်းအတော်ရှင်းနေချိန်မှာ တိုက်မိတာ။ ဝုန်းခနဲပဲ အသံကြားလိုက်တယ်။ ဆိုင်ကယ်မောင်းတဲ့သူက ပွဲချင်းပြီးပဲ။ နောက်က လူကလည်း သွေးအိုင်ထဲမှာ ဒဏ်ရာတော်တော် ပြင်းတဲ့ပုံပါပဲ” ဟု အဆိုပါ ယာဉ်တိုက်မှုကို မျက်မြင်တွေ့ရှိသူ ရေတာရှည်မြို့နေ ဦးလရောင် (ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်) က ပြောကြားသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ပျဉ်းမနားမြို့နေသူ ဦးအောင်ထွန်းလေးကို ရေတာရှည်မြို့မရဲစခန်းက ယာဉ်(ပ) ၁၇/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈/၃၀၄ (က) အရ အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲစခန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့