Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

မလေးရှား ဆလာရန်း ဈေးအနီး တွင် မြန်မာနိုင်ငံသား တစ်ဦး အသတ်ခံရ

 ၃.၈.၂၀၁၃ ည ၁၁ နာရီခွဲခန့် တွင် ဆလာရန်း ဈေးကြီး ပလက်ဖောင်းအနီး မြန်မာနိုင်ငံသားတစ်ဦး ဓားဒဏ်ရာများစွာဖြင့် သေဆုံးကြောင်း ဘနားမား သတင်းဌာနမှ တင်ဆက်သွားခဲ့သည်။

Sentu ရဲမှုး Zakaria Pagan မှ ပြောကြားရာတွင် သေဆုံးသူအား စစ်ဆေးချက်အရ သေဆုံးသူတွင်မည်သည့် စာရွက်စာတမ်းမှ မတွေ့ရှိကြောင်း ည ၁၁ နာရီခွဲခန့်တွင် အလောင်းအား တွေ့ရှိခြင်းဖြစ်ကြောင်း ။

အဝတ်အစား အပြည့်အစုံဝတ်ထားပြီး အဝတ်အစားများတွင် သွေးများဖြင့် ပြည့်နေကြောင်း ။

တွေ့ရှိချက်အရ သတ်ဖြတ်ခံရသော လက်နှက်အနေဖြင့် တစ်ခုမှ ရှာဖွေမတွေ့ရကြောင်း ယခင်ကတည်းက ပစ်မှုရှိခဲ့ဘူးသူ ဖြစ်ကြောင်း နှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွယ်မှု ဖြစ်ကြောင်း ။

အလောင်းအား ကွာလာလမ်ပူ ဆေးရုံသို့ပို့ဆောင်ထားပြီး ရင်ခွဲရုံမှ စစ်ဆေးချက်ကို စောင့်နေကြောင်း နှင့် ပုဒ်မ ၃၀၂ လူသတ်မှု့ဖြင့်အမှု့ဖွင့် ဆောင်ရွက်လျှက်ရှိကြောင်းကို Banama သတင်းဌာန နှင့် my Metro တို့မှ မလေးဘာသာဖြင့် တင်ဆက်ထား ခဲ့ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့