Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 4 August 2013

ဘုရင့်နောင် ခုံးကျော်တံတားတွင် ယာဉ်တိမ်းမှောက်

 ရန်ကုန်၊ သြဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်၊ ဘုရင့်နောင်တံတား စီမံကိန်းအမှတ် (ဏ-၇) အနီးတွင် သြဂုတ်လ ၂ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်က မော်တော်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အင်းစိန်မြို့နယ်မြို့သစ် (၈) ရပ်ကွက်နေ ဦးဂျိုးဇက် (၃၈ နှစ်) မောင်းနှင်လာသော မော်တော်ယာဉ် (ပါဂျဲရိုး) သည် လှိုင်သာယာ တံတားဘက်မှ သမိုင်းလမ်းဆုံဘက်သို့ ဦးတည် မောင်းနှင်လာပြီး ဘုရင့်နောင်လမ်းဆုံ အရောက် ဘယ်ဘက်သို့ အရှိန်ဖြင့် ချိုးအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ ဘုရင့်နောင်တံတား စီမံကိန်းအမှတ် (ဏ-၇) ကွန်ကရစ်တိုင် အောက်ခြေနှင့် အကာအရံ ငြမ်းများကို ဝင်တိုက်မိ၍ တိမ်းမှောက်ခဲ့ကာ ယာဉ်မောင်းမှာ အဆိုပါ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးက The Voice သို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သြဂုတ်လ ၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ၅၂ လမ်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးသို့ မေးမြန်းခဲ့သော်လည်း ရုံးပိတ်ရက် ဖြစ်သည့်အတွက် သက်ဆိုင်ရာ ယာဉ်မှုစစ်သို့ မေးမြန်းရန် ဖြေကြားခဲ့ပြီး ယာဉ်မှုစစ် ယာဉ်ထိန်းရဲ အရာရှိကမူ ၅၂ လမ်းရုံး၌သာ ဖြေကြားရန် တာဝန်ရှိကြောင်း ပြန်လည် ဖြေကြားသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးလျက်ရှိပြီး ယာဉ်တိုက်မှုကို ယာဉ်(ပ) ၂၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ဘုရင့်နောင် နယ်မြေရဲစခန်းထံမှ သိရှိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့