အာဆီယံ ပြတင်းပေါက်စနစ်ကျင့်သုံးရေး အတွက် e-government လုပ် ငန်းအကောင်အထည်ဖော်မှုကို တစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က တိုက်တွန်းပြောကြားလိုက်သည်။အဆိုပါစနစ်အကောင်အ ထည်ဖော်နိုင်ရန်အတွက် ဆက် သွယ်ရေးနှင့်သတင်းအချက်အ လက်နည်းပညာဝန်ကြီးဌာနမှ ဦးဆောင်ပြီးဌာနအားလုံး ပူး ပေါင်းဆောင်ရွက်ကြရန် သမ္မတ မှ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်း ဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ် များ၊ ဒုတိယဝန်ကြီးများအား လမ်း ညွှန်မှာကြားသည့်မိန့်ခွန်းတွင် ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။
''ဆက်သွယ်ရေးနဲ့သတင်း အချက်အလက်နည်းပညာကဏ္ဍ ကို အရင်းအနှီးနဲ့နည်းပညာများ ရင်းနှီးမြှုပ်နှံပြီး ဦးစားပေးဆောင် ရွက်ရမှာဖြစ်တယ်။e-government လုပ်ငန်းကို တစ်နှစ်အတွင်း ပြီးစီးအောင် အကောင်အထည် ဖော်ဖို့အတွက် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန ကဦးဆောင်ပြီး ဌာနအားလုံးပူး ပေါင်းဆောင်ရွက်ဖို့လိုတယ်''ဟု တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ e-government လုပ်ငန်းကို တစ်နှစ်အတွင်း အ ကောင်အထည်ဖော်ဆောင်ရွက် ရန်လွယ်ကူနိုင်သော်လည်း ဝန် ကြီးဌာနအားလုံး ပူးပေါင်းအ ကောင်အထည်ဖော်မှသာလျှင် အမြန်ဆုံးဆောင်ရွက်နိုင်မည် ဖြစ်ပြီးe-government လုပ်ငန်း စဉ်သည် ဆက်လက်ဖွံ့ဖြိုးရန် အ စဉ်တစိုက်လုပ်ဆောင်နေရန်လို အပ်ကြောင်း အဆိုပါလုပ်ငန်းများ ကို အဓိကအကောင်အထည်ဖော် ဆောင်ရွက်နေသူ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်( MCF) မှ ဥက္ကဋ္ဌဦးခွန်ဦးက ပြောသည်။
''e-government လုပ်ငန်း က ခဏလေးလုပ်ရမယ့်လုပ်ငန်း မဟုတ်ဘဲ အမြဲတမ်းအစဉ်မပြတ် လုပ်သွားရမယ့်လုပ်ငန်းပေါ့၊ နည်း ပညာပိုင်းကိုအသုံးပြုပြီး နိုင်ငံဖွံ့ ဖြိုးဖို့အတွက်ကတော့ ဝန်ကြီးဌာန တွေအားလုံးလဲ ပူးပေါင်းလုပ် ဆောင်မှသာရမယ်၊ e-government ဖွံ့ဖြိုးရင် ဝန်ကြီးဌာနအချင်း ချင်းဖြစ်စေ၊ ပြည်သူနဲ့ဝန်ကြီးဌာန ဆက်သွယ်ရမယ့် လုပ်ငန်းတွေ မှာ ပိုတိုးတက်လျင်မြန်လာမှာပါ၊ အကောင်အထည်ဖော်ရုံနဲ့ မပြီး ဘဲ ရေရှည်ဖွံ့ဖြိုးအောင် လုပ်ရ မှာပါ''ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံတော်အ နေဖြင့် နည်းပညာဖွံ့ဖြိုးတိုးတက် စေရန်ဦးစားပေးဆောင်ရွက်နေ သည့်ကာလဖြစ်ပြီး e-government လုပ်ငန်းအကောင်အထည် ဖော်နိုင်စေရန် အစိုးရပိုင်းမှသင် တန်း၊ ဆွေးနွေးလေ့လာမှုများဆောင်ရွက်နေပြီဖြစ်ကြောင်း သိ ရသည်။
၂၀၁၂ခုနှစ်အတွင်း အာဆီ ယံနိုင်ငံများ၌ e-government စနစ်ကို အမှန်တကယ်ကျင့်သုံး နေသည့် နိုင်ငံများစာရင်းတွင် စင်ကာပူနိုင်ငံသည် အဆင့်(၁)နေရာတွင်ရှိနေပြီး မြန်မာနိုင်ငံ အနေဖြင့် အဆင့်၁ဝနေရာတွင် ရှိနေကြောင်း နိုင်ငံတကာမှစာရင်းပြုစုထားချက်များအရ သိရ သည်။
No comments:
Post a Comment