Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 13 August 2013

ရေတွန်းစက်ရုံ တည်ဆောက်မှုကို ဂျပန်နိုင်ငံ၏ Grad Aid အစီအစဉ်ဖြင့် ကူညီပေး သွားမည်


ဂျပန် အစိုးရမှ Grand Aid ကူညီထောက်ပံ့မှု အစီအစဉ်ဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရေနဲ့သန့်ရှင်းရေး ဌာနမှ လုပ်ကိုင်
လျက်ရှိတဲ့ ညောင်နှစ်ပင် ရေသန့်စင် စက်ရုံမှာ ရေတွန်း စက်ရုံအသစ် တည်ဆောက် ပေးခြင်းနဲ့ ရေအောက် ပိုက်လိုင်း ရေယိုစိမ့်မှု အတွက် ပိုက်လိုင်း အသစ် လဲလှယ် ပေးခြင်း အစရှိတဲ့ ကူညီမှုတွေကို ယခုနှစ်ကုန် ပိုင်းမှာ အပိုင်းလိုက် စတင် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ ကူညီမှု အစီအစဉ်မှာ ရန်ကင်းမြို့နယ် အတွင်း ကမ္ဘာအေးဘုရား လမ်းအောက် မှာရှိတဲ့ ၄၂ လက်မပိုင် လိုင်းဟောင်းဟာ ရေယိုစိမ့်မှုများ ရှိနေတဲ့ အတွက် ပိုက်လိုင်း အသစ်ထပ်မံ ပေးသွားမှာ ဖြစ်ပြီး၊ ညောင်နှစ်ပင် ရေသန့် စက်ရုံမှာ ရေတွန်း စက်ရုံ အသစ် ၄ လုံး တပ်ဆင်ပေး သွားမှာ ဖြစ်ပါတယ်။
 
ဒီလို ရေတွန်း စက်ရုံနဲ့ အရွယ်အစား မြင်းကောင်ရေ  ၈၀၀ ကီလိုဝပ် ၄ လုံးကို ဂျပန်နိုင်ငံမှ စက်များနဲ့ လဲလှယ် တပ်ဆင် ပေးသွားမှာ ဖြစ်ပြီး ရန်ကင်းမြို့နယ် အတွင်း Pilot Area တစ်ခု သတ်မှတ်ရန် DMA (District Metor Area) နည်းဖြင့် ရေပေးဝေရေး နည်းအသစ် တပ်ဆင် ပေးခြင်းတို့ကို ကူညီပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှ နည်းပညာရပ် ဆိုင်ရာ စွမ်းအား မြှင့်တင်ရေး အစီအစဉ်တွေ ကိုလည်းကောင်း၊ ငွေကြေး အနေနဲ့ ကူညီပေးသွားဖို့ ရှိတယ်လို့ သိရှိရပါတယ်။
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့