Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 13 August 2013

တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးအား ပျမ်းမျှ ၄ လလောက် အတွင်း ဆောင်ရွက် သွားမည်


သြဂုတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့ရှိ Myanmar Peace Center မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့်
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တို့ရဲ့ ပြည်ထောင်စု အဆင့် သဘောတူညီချက် လက်မှတ် ရေးထိုး မှုအပြီးမှာ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းရဲ့ ပြောကြားချက် အရ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို နောင်လာမယ့် ၄ လလောက် အတွင်းမှာ အပြီးသတ် ဆောင်ရွက် နိုင်အောင် ကြိုးစား သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒီလို တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ဖို့ အစက ဇူလိုင်နဲ့ သြဂုတ်လ လောက်မှာ ပြုလုပ်ဖို့ မျှော်မှန်း ထားတာ ဖြစ်တယ်လို့ သိရပါတယ်။  ဆွေးနွေးမှု တစ်ပိုင်း ကျန်နေမှု အနေနဲ့ ကချင် တစ်ခုနဲ့သာ ဆွေးနွေးဖို့ ကျန်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် TNLA လို့ခေါ်တဲ့ ပလောင်နဲ့လည်း ဆွေးနွေးဖို့ ကျန်သေးတယ်လို့ သိရပါတယ်။
 
အဆိုပါ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြီးပါက တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ၇၅ ကြိမ်ခန့် ကျင်းပပြုလုပ် ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့