Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 13 August 2013

အများပိုင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီတစ်ခု ဖွင့်လှစ် လိုက်ပြီဖြစ်


မြန်မာနိုင်ငံရဲ့ အာမခံ လုပ်ငန်းများမှာ ပုဂ္ဂလိက ကဏ္ဍ အနေနဲ့ အများပိုင် အဖြစ် ဆောင်ရွက် လုပ်ကိုင် သွားမယ့် First National Insurance Public
Co.,Ltd ပုဂ္ဂလိက အများပိုင် အာမခံ ကုမ္ပဏီ ဖွင့်ပွဲကို သြဂုတ်လ ၁၂ ရက်နေ့က ကုန်သည်လမ်းရှိ First National Insurance ကုမ္ပဏီ ရုံးခန်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ First National Insurace ကုမ္ပဏီ အနေနဲ့ အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီ အဖြစ် ဖွဲ့စည်းကာ အာမခံ လုပ်ငန်း အမျိုးအစား ၆ မျိုးဖြစ်တဲ့ အသက်အာမခံ၊ မီးအာမခံ၊ အလုံးစုံ မော်တော်ယာဉ် အာမခံ၊ ငွေသား လုံခြုံမှု အာမခံ၊ ငွေပို့ငွေသယ် အာမခံနဲ့ သမာဓိ အာမခံ အစရှိတာတွေကို ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အာမခံ လုပ်ငန်း အနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူများ အတွက် အာမခံ လုပ်ငန်း လိုအပ်ချက်များကို ပိုမိုဖြည့်ဆည်း ပေးနိုင်ဖို့ အတွက် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခုကို လုပ်ကိုင်ခွင့်  လိုင်စင်များ ချထား ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို လုပ်ကိုင်ခွင့် ရတဲ့ ကုမ္ပဏီများ အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ အာမခံ လုပ်ငန်းများ အပေါ်မှာ ပြည်သူများ စိတ်ဝင်စားမှု ရှိလာစေဖို့နဲ့ အာမခံရဲ့ အကျိုး သက်ရောက်မှုများကို နားလည်စေနိုင်ဖို့ အတွက် ဆောင်ရွက် ရမှာ ဖြစ်သလို နိုင်ငံတကာ အာမခံ လုပ်ငန်း ကုမ္ပဏီများ အတိုင်း အဆင့်မီအောင် ဆောင်ရွက်နိုင်ဖို့ လိုအပ်လျက် ရှိတာ ဖြစ်တယ်လို့ သိရှိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့