Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 13 August 2013

လူကုန်ကူး ခံရသူများ စောင့်ရှောက်ရေး ဂေဟာအား ဂျပန်အစိုးရ အကူအညီဖြင့် တည်ဆောက်မည်

ဂျပန်အစိုးရ အကူအညီနဲ့ လူကုန်ကူး ခံရသူများအား ကာကွယ် စောင့်ရှောက်နိုင်မယ့် ဂေဟာ ၂ ခုကို ယခုနှစ် အတွင်းမှာ မြ၀တီနဲ့ ကော့သောင်းမြို့ များမှာ
ဆောက်လုပ်သွားဖို့ ညှိနှိုင်း သဘော တူညီမှုတွေ ပြုလုပ်ထား တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်းမှ လူကုန်ကူး မှုများကို နိုင်ငံတကာနဲ့ပူးပေါင်းကာ တားဆီး ကာကွယ်မှုများ ပြုလုပ်နေတဲ့ အပြင် ဂျပန်နိုင်ငံတကာ အကူအညီ ပေးရေး အေဂျင်စီ JICA နဲ့ ပူးပေါင်း ဆောင်ရွက်ကာ ၂၀၁၂ ခုနှစ်မှ လာမယ့် ၂၀၁၅ ခုနှစ်အထိ ၃ နှစ် စီမံကိန်း အတွက် သဘောတူ လက်မှတ် ရေးထိုး ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

ဒီလို ပြည်တွင်းမှ တစ်ဆင့် လူကုန်ကူးမှုများ ဖြစ်ပွားရာမှာ ရှမ်းပြည်နယ်မှ တစ်ဆင့် အများဆုံး လူကုန်ကူး ခံရလျက် ရှိတယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ၅ နှစ်စီမံကိန်းရဲ့ ၂၀၁၂ ခုနှစ် လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည် အစီရင်ခံစာမှ သိရပါတယ်။

အဲ့ဒီလို လူကုန်ကူးမှု အများဆုံး ဖြစ်ပွားတဲ့ နေရာများမှာ ရှမ်းပြည်နယ်မှ ၅၄ ရာခိုင်နှုန်း အထိရှိပြီး အခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးများ အနေနဲ့ မန္တလေးတိုင်း ဒေသကြီးမှာ ၁၄ ရာခိုင်နှုန်းနဲ့ ရန်ကုန်တိုင်း ဒေသကြီးနဲ့ ကချင်ပြည်နယ် တို့မှာ ၁၃ ရာခိုင်နှုန်းထိ ရှိနေတာ ဖြစ်ပါတယ်။ ဒီလို လူကုန်ကူး ခံရသူများရဲ့ ဇာတိ အနေနဲ့ ရှမ်းပြည်နယ်မှ ၉၂ ရာခိုင်နှုန်းနဲ့ ဧရာဝတီတိုင်း ဒေသကြီးမှ ၁၂ ရာခိုင်နှုန်း၊ မန္တလေးတိုင်း ဒေသကြီးမှ ၃၁ ရာခိုင်နှုန်းနဲ့ ပဲခူးတိုင်း ဒေသကြီးမှ ၂၇ ရာခိုင်နှုန်းထိ ရှိနေတာ ဖြစ်တယ်လို့သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့