Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 13 August 2013

စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ အတွက် အစ္စရေး နိုင်ငံသို့ မြန်မာလူငယ် ၈၆ ဦးအား ပညာသင် စေလွှတ် လျက်ရှိ

  မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးရေး အတွက် အစ္စရေး နိုင်ငံမှ နည်းပညာနဲ့ အတတ်ပညာများ ကူညီပေး လျက်ရှိရာမှာ ယခုနှစ်
အတွက် ပညာသင် မြန်မာ လူငယ် ၈၆ ဦးကို အသုတ်လိုက် ခွဲကာ စေလွှတ် လျက်ရှိတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
 
အခုလို ပညာသင် စေလွှတ် ခံရတဲ့ မြန်မာ လူငယ်များ အနေနဲ့ အစ္စရေး နိုင်ငံမှာ ၁၁ လကြာ စာတွေ့လက်တွေ့ သင်တန်း တက်ရောက် ရမှာဖြစ်ပြီး စိုက်ပျိုးရေးနဲ့ မွေးမြူရေး နယ်ပယ်မှာ အသိပညာနဲ့ အတတ်ပညာ များကို အခြေခံကာ အဆင့်မီတဲ့ မွေးမြူရေး နည်းစနစ်များကို သင်ကြား ပို့ချပေးသွား မှာဖြစ်တယ်လို့ သိရပါတယ်။ အစ္စရေး နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍမှာ နည်းပညာများ တိုးတက် စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အစ္စရေး အစိုးရရဲ့ကူညီ ထောက်ပံ့မှုနဲ့ ၂၀၀၉ ခုနှစ်မှ စတင်ကာ ပညာသင်များ လက်ခံကာ သင်ကြားနေပြီး လက်ရှိ အချိန် အထိ မြန်မာလူငယ် သင်တန်းသား ၄၀၀ နီးပါးခန့်ကို ပညာ သင်ကြားပို့ချခဲ့ပြီး ဖြစ်ပါတယ်။
 

အစ္စရေး နိုင်ငံမှာ သင်တန်း ပြီးမြောက်ခဲ့တဲ့ မြန်မာ လူငယ် သင်တန်းသားများ အနေနဲ့လည်း စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းများမှာ အသိပညာ၊ အတတ်ပညာနဲ့ နည်းစနစ်များ ရရှိပြီး လူ့စွမ်းအား အရင်းအမြစ် များဖွံ့ဖြိုး လာစေမှာ ဖြစ်သလို အစ္စရေး နိုင်ငံရဲ့ ရေမြေ ရာသီဥတု အနေအထား အတိုင်း မြန်မာနိုင်ငံ မှာလည်း အကျိုး သက်ရောက်မှု ရှိအောင် ဆောင်ရွက် လုပ်ကိုင်နိုင်ဖို့ အတွက် လိုအပ်လျက် ရှိတာ ဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့