၂၀၁၄ ခုနှစ်မှာ ကောက်ယူမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူပြီးပါက ရရှိလာတဲ့ အချက်အလက် တွေကို Scann ဖတ်ပြီး သိမ်းဆည်း
သွားမှာ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ယခုလက်ရှိ နည်းပညာတွေ အဆင့်မြင့် လာတဲ့ အတွက် စကန် ဖတ်ကာ သိမ်းဆည်း တာဖြစ်ပြီး ယခင်က ၁၉၈၃ ခုနှစ်က ကောက်ယူခဲ့တဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း အချက်အလက် တွေကိုတော့ ကွန်ပျူတာထဲကို စာရိုက် ထည့်ပြီး သိမ်းဆည်း ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
အခု လာမယ့် ၂၀၁၄ ခုနှစ်မှာ ကောက်ယူ ရရှိမယ့် ပြည်လုံးကျွတ် သန်းခေါင် စာရင်း အချက်အလက် တွေကို စကန် ဖတ်ရာ မှာလည်း Optical Mark Recognization စနစ် အသုံးပြုမှာ ဖြစ်တဲ့ အတွက် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ သုံးမယ့် မေးခွန်းတွေကို ပုံနှိပ်ရာ မှာလည်း အဆိုပါ OMR စနစ်နဲ့ စကန် ဖတ်နိုင်မယ့် နည်းပညာကို ထည့်သွင်း အသုံးပြုရမှာ ဖြစ်တဲ့ အတွက် မေးခွန်းများကို အင်္ဂလန်နိုင်ငံမှာ ပုံနှိပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို နည်းပညာ အကူအညီတွေ ကိုတော့ UNFPA မှ ထောက်ပံ့ပေးတာ ဖြစ်တယ်လို့ သိရှိရပါတယ်။
No comments:
Post a Comment